Connect with us

Hi, what are you looking for?

သတင်း

UWSA၊ FPNCC အဖွဲ့ဝင်များနှင့်တွေ့ဆုံမှုမှာ နိုင်ငံရေးအရပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုခိုင်မာလာစေရန် ဟု AA ဒုစစ်ဦးစီးချုပ်ရှင်းလင်း

ယနေ့ AA ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ UWSAနှင့် တွေ့ဆုံမှုကိစ္စကို ဒေါက်တာညိုထွန်းအောင်က ၎င်းကိုယ်တိုင် ရှင်းလင်းဖြေကြားခဲ့သည်။

UWSA၊ FPNCC အဖွဲ့ဝင်များနှင့်တွေ့ဆုံမှုမှာ နိုင်ငံရေးအရပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုခိုင်မာလာစေရန် ဟု AA ဒုစစ်ဦးစီးချုပ်ရှင်းလင်း
UWSA၊ FPNCC အဖွဲ့ဝင်များနှင့်တွေ့ဆုံမှုမှာ နိုင်ငံရေးအရပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုခိုင်မာလာစေရန် ဟု AA ဒုစစ်ဦးစီးချုပ်ရှင်းလင်း

▪️၀၊ မိုင်းလားနှင့် ရှမ်း SSPP တို့ စစ်ကောင်စီနှင့် နေပြည်တော်သွားတွေ့ရန် အကြိုဆွေးနွေးမှုလုပ်ခဲ့ဟု အသိပေး

▪️စစ်ရေးကိစ္စ အသေးစိတ်ထုတ်ပြန်ရန်မရှိဟုဆို

ရက္ခိုင်တပ်တော်(AA)ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်အနေဖြင့် မိုင်းလားနှင့် ၀ဒေသသို့ ယခုလအတွင်း သွားရောက်ပြီး ၀လက်နက်ကိုင်တပ်ဖွဲ့ (UWSA) ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC) အဖွဲ့ဝင်များ တွေ့ဆုံပွဲသို့ပါဝင်ခဲ့ကြောင်း ဒေါက်တာညိုထွန်းအောင်က ရှင်းပြသည်။

ယနေ့ AA ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ UWSAနှင့် တွေ့ဆုံမှုကိစ္စကို ဒေါက်တာညိုထွန်းအောင်က ၎င်းကိုယ်တိုင် ရှင်းလင်းဖြေကြားခဲ့သည်။

ယခု တွေ့ဆုံမှုသည် ပုံမှန်တွေ့ဆုံမှုဖြစ်ပြီး တရုတ်လမုန့်စားပွဲကာလနှင့် တိုက်ဆိုင်နေခြင်း၊ UWSAက အသစ်ခန့်အပ်လိုက်သည့် မျိုးဆက်သစ်ခေါင်းဆောင်များနှင့် တွေ့ဆုံမိတ်ဆက်ခြင်း၊ FPNCC အတွင်းရေးမှူးတစ်ယောက် အနေဖြင့် အဖွဲ့ဝင်လက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန်နှင့် ပုံမှန်ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။

“FPNCCရဲ့ အဓိပ္ပါယ်ကိုယ်တိုင်က နိုင်ငံရေးဦးဆောင်မှုအဖွဲ့ဖြစ်ပါတယ်။သူက စစ်ရေးပူးပေါင်းဆောင် ရွက်တဲ့အဖွဲ့မဟုတ်။ အထူးသဖြင့် ဒီမြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးကိစ္စတွေ၊ ပြီးရင်ကျွန်တော်တို့ အချင်းချင်း တစ်ဖွဲ့ချင်းအလိုက် FPNCC အဖွဲ့အချင်းချင်းကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အရင်ကထက်ပိုလို့ခိုင်မာလာအောင် ၊ မတွေ့တာ ကြာပြီဆိုတာ တစ်ဖွဲ့ချင်းရဲ့ အခြေအနေတွေကိုလည်း တင်ပြရင်း ရခိုင်ပြည်၊ ဗမာပြည်ထဲက အခြေအနေတွေကို အမြင်ချင်းဖလှယ် နိုင်ဖို့” ဟု ဒေါက်တာညိုထွန်းအောင်က ရခိုင်ဘာသာဖြင့် ပြောဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

UWSA နှင့် တွေ့ဆုံဆွေးနွေးမှုကို မေးမြန်းရာ UWSAက အသင့်ခန့်အပ်လိုက်သည့် မျိုးဆက်သစ်လူငယ် ခေါင်းဆောင်များနှင့် ပိုမိုရင်းနီးမှု ခိုင်မာစေရန်အတွက်ဖြစ်သည်ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။

“ တွေ့ဆုံဆွေးနွေးတဲ့ကိစ္စ စစ်ရေးကိစ္စတွေကတော့ အသေးစိတ်ထုတ်ပြန်ဖို့တော့မရှိပါ” ဟုလည်း ဒေါက်တာညိုထွန်းအောင်က ပြောကြားခဲ့သည်။

ထို့အပြင် ဒေါက်တာညိုထွန်းအောင်က မေးခွန်းမေးမြန်းမှု မရှိသော်လည်း ပန်ဆန်းရောက် တိုင်းရင်းသား အဖွဲ့များ ၏ အခြေအနေအချို့ကို သတင်းစာရှင်းလင်းပွဲ၌ ဖြည့်စွက် ဖြေကြားမှု ပြုလုပ်ခဲ့သည်။

“ ၀၊ မိုင်းလား၊ SSPP ကို စစ်ကောင်စီဘက်က နေပြည်တော်မှာ တွေ့ဆုံဖို့အတွက် ခေါ်ပါတယ်။ အဲဒီအခြေအနေမှာ အဲဒီအဖွဲ့အစည်းတွေက ပန်ဆန်းမှာ နေပြည်တော်ကို သွားဖို့ အကြိုတွေ့ဆုံပွဲတွေလုပ်ကြပါတယ်”ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။

ထို့အပြင် ဒေါက်တာညိုထွန်းအောင်က လက်ရှိအချိန်တွင် စစ်ကောင်စီက သတင်းအများ၊ သတင်းအတု သတင်းအလိမ်များ တောက်လျောက်လုပ်၍ ရခိုင်လူထုအပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများအနေဖြင့် သတင်းအမှားကို သတိထား စောင့်ကြည့်ကြရန် ထည့်သွင်းပြောကြားသည်။ စစ်ကောင်စီတပ်အနေဖြင့် တပ်တွင်းရှိ တပ်ဖွဲ့ဝင်များ တပ်မိသားစုဝင်များကိုပင် သတင်းအမှားများ ပေးလျက်ရှိသည်ဟု ဆိုသည်။

ထို့အပြင် အလုပ်အကိုင်ရှားပါးမှု ပြဿနာကြောင့် အလုပ်လိုအပ်မှု ရှိနေသည့် အခြေအနေတွင် လိမ်ညာမှုများ တွေ့နေရ၍ အလုပ်အကိုင်နှင့်ပတ်သက်ပြီး သတိထားသွားလာကြရန် ဒေါက်တာညိုထွန်းအောင်က ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။