Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုနယ်တွင်တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီးစစ်ကောင်စီထိခိုက်​သေဆုံးမှုရှိ

နိုဝင်ဘာလ ၃၀ ရက်က ရွှေဘိုမြို့နယ်အနောက်ပိုင်းရှိ မြင်းဇီးကျေးရွာသို့ ရောက်ရှိနေသော အင်အား ၆ဝ ကျော်ပါ စစ်ကောင်စီတပ်နှင့် ပျူများသည် နံနက် ၇ နာရီခွဲခန့်တွင် ဆင်အင်းကျေးရွာဘက်သို့ ဦးတည်စစ်​ကြောင်းထိုးလာသည်။

(စစ်တပ်နှင့်ပျူများကဆင်အင်းရွာ မီးရှို့၍​လောင်ကျွမ်း​နေစဥ်။ ဓာတ်ပုံ-CJ)
(စစ်တပ်နှင့်ပျူများကဆင်အင်းရွာ မီးရှို့၍​လောင်ကျွမ်း​နေစဥ်။ ဓာတ်ပုံ-CJ)

▪︎စစ်တပ်က ရွာနှစ်ရွာမီးရှို့သွားပြီးလက်နက်ကြီးဖြင့်ပစ်၍ ပြည်သူ ၉ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ပိုင်း၌ ယမန်နေ့က တိုက်ပွဲ နှစ် ကြိမ်ဖြစ်ပွားရာစစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး​နောက် ကျေးရွာနှစ်ရွာ မီးရှို့ခံရကာ ပြည်သူအချို့ လက်နက်ကြီးကျည်ထိမှန်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

နိုဝင်ဘာလ ၃၀ ရက်က ရွှေဘိုမြို့နယ်အနောက်ပိုင်းရှိ မြင်းဇီးကျေးရွာသို့ ရောက်ရှိနေသော အင်အား ၆ဝ ကျော်ပါ စစ်ကောင်စီတပ်နှင့် ပျူများသည် နံနက် ၇ နာရီခွဲခန့်တွင် ဆင်အင်းကျေးရွာဘက်သို့ ဦးတည်စစ်​ကြောင်းထိုးလာသည်။

ထို စစ်​ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များကခုခံတိုက်ခိုက်ရာ စစ်အုပ်စုဘက်က အထိနာခဲ့ပြီး နံနက် ၁၀ နာရီ မိနစ်၅၀ ခန့်တွင် စစ်​ကောင်စီတပ်ကဆင်အင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ညနေ ၃ နာရီ ၂၀ ခန့်တွင် စစ်ကောင်စီတပ်သည် ဆင်အင်းကျေးရွာမှ မအူပင်ကျေးရွာဘက်သို့ဦးတည်ထွက်လာစဉ် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်ပျူများ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်အုပ်စုသည် တိုက်ခိုက်ခံရပြီးနောက် မအူပင်ရွာကိုပါ ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ကြသည်။

“မအူပင်ရွာလည်းရိူ့ခံရတယ်။ အရှေ့ရွာရော အနောက်ရွာရော။ ဆင်အင်းရွာရဲ့အနောက်ဖက်ကမအူပင်ရွာပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် မအူပင်ရွာမှ မူးအနောက်ဘက်ကမ်းရှိ ဒီပဲယင်းမြို့နယ် မူးရိုးကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၈) ချက်ပစ်ခတ်ခဲ့ရာ မူးရိုးကုန်းရွာနေ အရပ်သားပြည်သူ(၉)ဦးလက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ​​ဒေသခံများက ပြောသည်။

တိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်နှင့်ပျူများဘက်က သေဆုံး ဒဏ်ရာရသူများရှိပြီး အ​ရေအတွက်ကို မြေပြင်အခြေနေအရ အတည်ပြုနိုင်ခြင်းမရှိ​သေးကြောင်း၊ PDFများ အထိခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေဘိုဒေသတွင်း အဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီးပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။