Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် က ဖုန်းဆိုင်ကို မောင်းပြန်သေနတ်ကိုင်ထားသူ ၂ ဦးဓားပြဝင်တိုက်

ဓားပြတိုက်ခံရတဲ့ဆိုင်ဟာ JL Mobile & Mini Mart ဖြစ်တယ်လို့ ကချင်ဒေသတွင်းသတင်းရင်းမြစ်တွေကလည်းဖော်ပြကြပါတယ်။

ဖားကန့် က ဖုန်းဆိုင်ကို မောင်းပြန်သေနတ်ကိုင်ထားသူ ၂ ဦးဓားပြဝင်တိုက်
ဖားကန့် က ဖုန်းဆိုင်ကို မောင်းပြန်သေနတ်ကိုင်ထားသူ ၂ ဦးဓားပြဝင်တိုက်

ကချင်ပြည်နယ်က နာမည်ကျော်ကျောက်စိမ်းလုပ်ကွက်တည်ရှိရာ လုံးခင်းကျေးရွာမှာရှိတဲ့ဖုန်းဆိုင်ကို ဒီနေ့မနက်ပိုင်း ၉ နာရီဝန်းကျင်က မောင်းပြန်သေနတ်ကိုင်ထားတဲ့ အမျိုးသား ၂ ဦး ဓားပြဝင်တိုက်သွားပါတယ်။

ဓားပြတိုက်ခံရတဲ့ဆိုင်ဟာ JL Mobile & Mini Mart ဖြစ်တယ်လို့ ကချင်ဒေသတွင်းသတင်းရင်းမြစ်တွေကလည်းဖော်ပြကြပါတယ်။

CCTV မှတ်တမ်းမှာတော့ မောင်းပြန်သေနတ်ကိုင်ထားတဲ့ အမျိုးသား ၂ ဦး ဆိုင်ထဲဝင်လာတာတွေ့ရပါတယ်။

အဲဒီနောက် ဆိုင်ထဲက ရောင်းရငွေတွေနဲ့ ဖုန်းတွေကို ယူသွားပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်နဲ့ နီးစပ်သူတစ်ဦးပြောပြချက်အရတော့စုစုပေါင်း ကျပ်သိန်း ၅၀ လောက်ပါသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမန္တလေးမှာ ဖုန်းဆိုင်ကို သေနတ်ပြပြီး ဓားပြဝင်တိုက်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ‌‌‌‌ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေကူမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး တရားခံတွေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။