Connect with us

Hi, what are you looking for?

သတင်း

KBCခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန် ပြန်လွတ်လာ၊ စစ်ကောင်စီက ပြည်ပထွက်ခွာခွင့်ကို ပိတ်ပင်ခြင်းဟုဆို

ကချင်ဒေသခံတစ်ဦးကလည်း ဒေါက်တာခလမ်ဆမ်ဆွန်နှင့်အဖွဲ့ ယနေ့နံနက် ၉နာရီ ၁၅မိနစ်ခန့်တွင် ဖမ်ဆီးခံရပြီး ယခုပြန်လွှတ်ပေးလိုက်ပြီဟု သိရကြောင်း ပြောသည်။

KBCခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်
KBCခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က မန္တလေးလေဆိပ်၌ ဖမ်းဆီးခဲ့ပြီး ယနေ့ ပြန်လွှတ်ပေးလိုက်ကြောင်း KBC ဓမ္မဆရာတစ်ဦးက အတည်ပြုသည်။

“ကျွန်တော်တို့တော့ သူနဲ့တော့ မတွေ့ဖြစ်သေးဘူး။ အဲဒါ သတင်းတော့ကြားတယ်။ အဓိကတော့ သူတို့ ပြောတဲ့ဟာ နိုင်ငံခြားထွက်လို့မရဘူးပေါ့ အဲဒါမျိုး ပြောသံကြားတယ်။ သူ့ကို မထွက်ခိုင်းဘူးပေါ့။ အဲဒါကြောင့် မြစ်ကြီးနားကို ပြန်ပို့လိုက်တယ်လို့ အဲဒီလိုမျိုးပဲ သတင်းကြားတယ်”ဟု KBC ဓမ္မဆရာတစ်ဦးက ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းဆီးခဲ့ခြင်းကြောင့် အားလုံးက စိတ်ပူနေကြရကြောင်း၊ ယခုကဲ့သို့ ပြန်လွတ်လာ၍ ဝမ်းသာရကြောင်း ၎င်းက ဆိုသည်။

ကချင်ဒေသခံတစ်ဦးကလည်း ဒေါက်တာခလမ်ဆမ်ဆွန်နှင့်အဖွဲ့ ယနေ့နံနက် ၉နာရီ ၁၅မိနစ်ခန့်တွင် ဖမ်ဆီးခံရပြီး ယခုပြန်လွှတ်ပေးလိုက်ပြီဟု သိရကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

“စရဖက ခေါ်ထားတယ်လို့ကြားတယ်။ ကြားတယ်ဆိုတဲ့နေရာမှာ သူတို့(KBC ခေါင်းဆောင်နှင့်အဖွဲ့)က ဘန်ကောက်ကို အစည်းအဝေးသွားမလို့။အခုပြန်ကြားတာကတော့ လေယာဉ်နဲ့ မြစ်ကြီးနားကို ပြန်ပို့လိုက်ပြီလို့ ကြားတယ်။ နိုင်ငံခြားထွက်ဖို့စာရင်းမှာ ဒေါက်တာဆမ်ဆွန်ရဲ့ နာမည်စာရင်းပါတော့ သူတို့က နိုင်ငံခြား ထွက်မယ်ဆို သွားခွင့်မပေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ တားထားတယ်လို့ သတင်းတော့ နည်းနည်းကြားရတယ်”ဟု ကချင်ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။