Connect with us

Hi, what are you looking for?

သတင်း

KBCခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ် ဖမ်းဆီး

ဒေါက်တာခလမ်ဆမ်ဆွန်သည် ဒီဇင်ဘာ ၄ရက် ညနေပိုင်း၌ မြစ်ကြီးနားမှ မန္တလေးမြို့သို့ သွားရောက်စဉ် လေဆိပ်၌ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

KBCခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ် ဖမ်းဆီး
KBCခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ် ဖမ်းဆီး

ကချင်ဘာသာရေးခေါင်းဆောင် ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ယမန်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း KBCနှင့် ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်သည် ဒီဇင်ဘာ ၄ရက် ညနေပိုင်း၌ မြစ်ကြီးနားမှ မန္တလေးမြို့သို့ သွားရောက်စဉ် လေဆိပ်၌ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒီလို ကြားတယ်။ အတည်ဖြစ်တဲ့သဘောမှာရှိတယ်။ အခုအချိန်ထိတော့ စစ်ဆေးခေါ်မေးစရာရှိတယ်ဆိုပြီးတော့ ဖမ်းသွားတယ်ပြောတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

KBCမှ ဘာသာရေးဆရာတစ်ဦးကလည်း “ဟုတ်တယ်။ ကြားတော့ ကြားမိတယ်။ အသေးစိတော့ ကျွန်တော်တို့ မသိဘူး။ စုံစမ်းနေဆဲပဲ” ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ယခုကဲ့သို့ ကချင်ဘာသာရေးခေါင်းဆောင်အား ဖမ်းဆီးလိုက်ခြင်းသည် KIAနှင့် ဆက်ဆံရေးမကောင်းသည့် အခြေအနေတွင် ကချင်လူထုကို အားစမ်းသည့် သဘောဖြစ်သည်ဟု ဆိုသည်။

“သူတို့အနေနဲ့ အကဲစမ်းတဲ့သဘောပေါ့။ ကချင်လူထုက ဘယ်လောက်ထိ တုံ့ပြန်မှု ဘယ်လိုရှိမလဲ အကဲစမ်းတဲ့သဘောပေါ့ ။အကယ်၍များ လူထုက တုံ့ပြန်မှု အဲဒီလောက်ကြီး မကောင်းဘူးဆိုရင် သူတို့စွဲရင်လည်း စွဲနိုင်တယ်။ ဒါမှမဟုတ်ရင်လည်း အခုက သူတို့လည်း သူတို့လုပ်ငန်းစပြီလို့ ပြောလို့ရတာပေါ့။ KIA အနေနဲ့က သူတို့ရဲ့ငြိမ်းချမ်းရေးကမ်းလှမ်းမှု စားပွဲပေါ် တက်ဖို့ ကမ်းလှမ်းချက်မှာ လုံး၀ဝင်မလားဘူး။ လုံး၀ဝင်မလာတဲ့အချိန်မှာ ဒါကတော့ ကျွန်တော်တို့ အားလုံးမြင်ပြီးသားပေါ့။ သူတို့က ဒီလိုလုပ်လာမယ်ဆိုတာ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

KBC ဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာခလမ်ဆမ်ဆွန်သည် ကချင်လူထုအပေါ် ဩဇာရှိသူတစ်ဦးဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ၂၀၁၉ နှစ်ကုန်ပိုင်းက တရားစွဲဆိုရန် လုပ်ဆောင်ခဲ့ဖူးသည်။ ဒေါက်တာခလမ်ဆမ်ဆွန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ယင်းနှစ် ဇွန်လက အိမ်ဖြူတော်၌ တွေ့ဆုံစဉ် ဒေါက်တာခလမ်ဆမ်ဆွန်၏ ပြောကြားချက်များနှင့်ပတ်သက်ပြီး အရေးယူပေးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မှ အရာရှိတစ်ဦးက မြစ်ကြီးနား တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံစဉ် ဒေါက်တာခလမ်ဆမ်ဆွန်က ကချင်ဒေသတိုက်ပွဲများနှင့် ခရစ်ယာန်ဘာသာဝင်များ နှိပ်ကွပ်ခံရမှုအခြေအနေများကို ပြောဆိုခဲ့သည်ဟု ဆိုသည်။အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဒေါက်တာခလမ်ဆမ်ဆွန်နှင့် စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်တို့ မန္တလေး၌ တွေ့ဆုံပြီးနောက် ပြေလည်မှုရရှိခဲ့သည်။

“ပထမတစ်ခေါက်က ဟိုးအရင်က ထရမ့်နဲ့ကိစ္စမှာ တစ်ခေါက်ဖြစ်ပြီးသွားပြီ။ အဲဒီမှာ မန္တလေး မှာ တစ်ခေါက် ညှိနှိုင်းလိုက်ပြီးမှ တစ်ခေါက်အဆင်ပြေသွားပြီ။ အခုက အခြေအနေကအရမ်းကွာသွားတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ယခင်ဖြစ်စဉ်အပေါ် မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့(PCG) အနေဖြင့် ကြားဝင်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

“စောင့်ကြည့်ရ မှာပေါ့ အခုကတော့။ ပြန်လွတ်မလား မလွတ်ဘူးလားဆိုတာ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။