Connect with us

Hi, what are you looking for?

သတင်း

KBC ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်အား မြစ်ကြီးနားသို့ ခေါ်ဆောင်ပြီး စစ်ကောင်စီဆက်လက် ဖမ်းဆီးထား

လက်ရှိတွင် KBC၏ အကြံပေးတာဝန်ထမ်းဆောင်လျက်ရှိသည့် သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်သည် ဒီဇင်ဘာ ၅ရက် နံနက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်မည့် ခရီးစဉ်အတွင်း မန္တလေးတံတားဦး လေဆိပ်၌ ဖမ်းဆီးခံရခြင်းဖြစ်သည်။

KBC ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်အား မြစ်ကြီးနားသို့ ခေါ်ဆောင်ပြီး စစ်ကောင်စီဆက်လက် ဖမ်းဆီးထား

▪️အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းထားခြင်းမှ အမြန်ဆုံး ပြန်လွှတ်ပေးရန် KBCသဘောထား ထုတ်ပြန်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌ ဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က မန္တလေးလေဆိပ်၌ ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးမည်ဟုဆိုကာ မြစ်ကြီးနားမြို့သို့ ပြန်လည် ပို့ဆောင်ခဲ့သော်လည်း လွှတ်ပေးခြင်းမရှိဘဲ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။

လက်ရှိတွင် KBC၏ အကြံပေးတာဝန်ထမ်းဆောင်လျက်ရှိသည့် သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်သည် ဒီဇင်ဘာ ၅ရက် နံနက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်မည့် ခရီးစဉ်အတွင်း မန္တလေးတံတားဦး လေဆိပ်၌ ဖမ်းဆီးခံရခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးခဲ့ခြင်းမှာ နိုင်ငံခြားထွက်ခွာခွင့်တားမြစ်ခြင်းသာဖြစ်ပြီး ပြန်လွှတ်ပေးကာ မြစ်ကြီးနားသို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။သို့ရာတွင် မြစ်ကြီးနားရောက်မှစစ်ကောင်စီက ဆက်လက်ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

KBC ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်အား မြစ်ကြီးနားသို့ ခေါ်ဆောင်ပြီး စစ်ကောင်စီဆက်လက် ဖမ်းဆီးထား
KBC ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်အား မြစ်ကြီးနားသို့ ခေါ်ဆောင်ပြီး စစ်ကောင်စီဆက်လက် ဖမ်းဆီးထား

“အခုဟာက မြစ်ကြီးနားရောက်တယ်ဆိုတဲ့ သတင်းတော့ ကြားရတယ်။ အဲဒီဟာဘာမှ အဆက်အသွယ် သတင်းမရဘူးဖြစ်နေတယ်။ မန္တလေးကနေ မြစ်ကြီးနားကို လေယာဉ်နဲ့ ပါလာပြီဆိုတဲ့အကြောင်းကို ကျနော်တို့ သိရတယ်။ ဒီမှာရောက်လာကတည်းက ကျွန်နော်တို့ ဘာမှမကြားရတော့ဘူး”ဟု KBC ဓမ္မ ဆရာတစ်ပါးက ဒီဇင်ဘာ ၅ရက်ညပိုင်း၌ ပြောသည်။

Public Service Announcement

Public Service Announcement

အကယ်၍ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပါက အသင်းသားများနှင့် အဆက်အသွယ်ရမည်ဖြစ်သော်လည်း ညပိုင်းအချိန်ထိ ဒေါက်တာခလမ်ဆမ်ဆွန်နှင့် အဆက်အသွယ်မရကြောင်း ၎င်းကဆိုသည်။ ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဆက်လက်ခေါ်ဆောင်သွားသည်ဟု သတင်းများ ထွက်နေသည်။

“ကျွန်တော်တို့လည်း အစကဝမ်းသာနေတာ။အခုကျတော့ အဆက်အသွယ်ပြတ်နေတော့ စိုးရိမ်နေတာ”ဟု KBC ဓမ္မဆရာတစ်ပါးက ပြောသည်။

ထိုသို့ ဒေါက်တာခလမ်ဆမ်ဆွန်အား စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်းအပေါ် KBCက ဒီဇင်ဘာ ၅ရက်ညပိုင်း၌ သဘောထား ထုတ်ပြန်ပြီး အမြန်ဆုံးပြန်လည်လွှတ်ပေးရန် ဖော်ပြခဲ့သည်။ သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် ဖမ်းဆီးခံရကြောင်းကြားသိရ၍ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အသင်းသူ အသင်းသားများ အားလုံးလွန်စွာ စိုးရိမ်ျက်ရှိနေသည်ဟု KBCက အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။