Connect with us

Hi, what are you looking for?

သတင်း

ဟားခါးရှိ စစ်ကောင်စီတပ်သားသုံးဦး CDF ဆဲန်ထန် ထံ ပူးပေါင်းလာ

နိုဝင်ဘာ ၁၁ရက်တွင် စစ်ကောင်စီတပ်သား သုံးဦးသည် ပြည်သူ့ဘက်သို့ ပူးပေါင်းလာရာ MA1 တစ်လက် ၊ ကျည်များပါလာကြောင်း ဖော်ပြထားသည်။

ဟားခါးရှိ စစ်ကောင်စီတပ်သားသုံးဦး CDF ဆဲန်ထန် ထံ ပူးပေါင်းလာ
ဟားခါးရှိ စစ်ကောင်စီတပ်သားသုံးဦး CDF ဆဲန်ထန် ထံ ပူးပေါင်းလာ

▪️ပူးပေါင်းလာသည့် ရဲနှင့်စစ်သား ၁၅ဦးရှိဟု တာဝန်ရှိသူပြော

ချင်းပြည်နယ် ဟားခါးအခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၆၆)တပ်ရင်းမှ စစ်ကောင်စီတပ်သား သုံးဦး ချင်းဒေသကာကွယ်ရေးတပ်-ဆဲန်ထန်(CDF-Senthang)ဆီသို့ ပူးပေါင်းလာကြောင်း CDF ဆဲထန်က ယနေ့ ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၁ရက်တွင် စစ်ကောင်စီတပ်သား သုံးဦးသည် ပြည်သူ့ဘက်သို့ ပူးပေါင်းလာရာ MA1 တစ်လက် ၊ ကျည်များပါလာကြောင်း ဖော်ပြထားသည်။

ထိုသို့ လာရောက်ပူးပေါင်းမှုကို နွေးထွေးစွာကြိုဆိုပြီး ထိုက်သင့်သော ဆုကြေးလက်ဆောင်များ ပေးအပ်ပြီးဖြစ်သကဲ့သို့ စိတ်ချလုံခြု့မှုရှိသည့်ဒေသသို့ ပို့ဆောင် ပေးပြီးဖြစ်ကြောင်း CDF ဆဲန်ထန်က ထုတ်ပြန်သည်။

ဟားခါးရှိ စစ်ကောင်စီတပ်သားသုံးဦး CDF ဆဲန်ထန် ထံ ပူးပေါင်းလာ
ဟားခါးရှိ စစ်ကောင်စီတပ်သားသုံးဦး CDF ဆဲန်ထန် ထံ ပူးပေါင်းလာ

“အခု သုံးယောက်အပါအဝင်ဆိုရင်တော့ ၁၅ယောက် ရှိပြီ။ ကျွန်တော်တို့ဆီ လာပူးပေါင်းတဲ့သူတွေ။ စကစတွေရော ရဲတွေရော ပြောရမှာပေါ့”ဟု CDF ဆဲန်ထန် တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ လာရောက်ပူးပေါင်းရာတွင် လက်နက်ခဲယမ်းပါလာသူများ ရှိသကဲ့သို့ မပါလာသူများလည်းရှိကြောင်း ၎င်းက ဆိုသည်။

ကျန်နေသည့် စစ်ကောင်စီလက်အောက်ရှိ ရဲနှင့် စစ်သားများ ပြည်သူနှင့်အတူ လာရောက်ပူးပေါင်းပါက ကြိုဆိုသွားမည်ဖြစ်ကြောင်းလည်း CDF ဆဲန်ထန် က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။