Connect with us

Hi, what are you looking for?

သတင်း

ဒေါက်တာခလမ်ဆမ်ဆွန် ကျန်းမာစွာရှိနေပြီး မေးမြန်းရန်ရှိ၍ခေါ်ထားခြင်းဟု စစ်ကောင်စီက KBC တာဝန်ရှိသူများအား ခေါ်ယူပြောကြား

ဒေါက်တာခလမ်ဆမ်ဆွန်သည် လက်ရှိ KBC၏ အကြံပေး တာဝန်ယူထားသူဖြစ်ပြီး ကချင်လူထုအပေါ် ဩဇာရှိသည့် ဘာသာရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွန်
ဒေါက်တာခလမ်ဆမ်ဆွန်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်းဖြစ်သူ သိက္ခာတော်ရာဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကျန်းမာစွာရှိနေပြီး မေးမြန်းရန် ရှိ၍ ခေါ်ယူမေးမြန်းနေခြင်းဖြစ်ကြောင်း KBC တာဝန်ရှိသူများကို စစ်ကောင်စီ၏ ကချင်ပြည်နယ် နယ်လုံဝန်ကြီးက ခေါ်ယူပြောကြားခဲ့သည်ဟု ကချင်ဒေသခံက ပြောသည်။

“အခုလောလောဆယ်တော့ ကျွန်တော်တို့လည်း ဘာမှ ဃဂနဏမသိရသေးဘူးဖြစ်နေတာ။ မန္တလေးမှာ လိုလို၊ မြစ်ကြီးနားမှာလိုလို။ Update သိရတာတစ်ခုကတော့ KBC အဖွဲ့တွေကို ဆရာတွေကို ကချင်ပြည်နယ်အစိုးရ လုံနယ်ဝန်ကြီးက ခေါ်တယ်တဲ့။ ခေါ်ပြီးမှ သူတို့ကို ပြောတဲ့ဟာရှိတယ်တဲ့။ အဲဒါ ဘာပြောလဲဆိုတော့ ဆရာက ကျန်းကျန်းမာမာနဲ့ ရှိနေပါတယ်တဲ့။ သူ့ကို နည်းနည်းမေးမြန်းစရာရှိလို့ပါလို့ ပြောတယ်တဲ့။ သူက ဟောတဲ့နေရာမှာ နိုင်ငံတော်အကြည်အညိုပျက် စေတဲ့ စကားလေးတွေ အသုံးအနှုန်းလေးတွေ ပြောတာရှိတယ်ဆိုတဲ့အကြောင်း။သိပ်တော့မကြာလောက်ဘူးလို့ ထင်တာပဲ။ သူတို့ ပြောတာတဆင့်ပြန်ကြားသိရတာပေါ့”ဟု ကချင်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ဒေါက်တာခလမ်ဆမ်ဆွန်သည် ထိုင်းနိုင်ငံ ဘန်ကောက်သို့ သွားရောက်သည့် ခရီးစဉ်တွင် မန္တလေးတံတားဦးလေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်သည်။ မန္တလေးမှ မြစ်ကြီးနားသို့ စစ်ကောင်စီက ပြန်ပို့ဆောင်လိုက်ပြီဟု ပြောဆိုသော်လည်း တိတိကျကျ အတည်မပြုနိုင်သေးဟု KBC ဓမ္မဆရာတစ်ဦးက ပြောသည်။

“အခုထိတော့ ကျနော်တို့တော့ မရသေးဘူးဗျ။ အခုထိ ကျနော်တို့ သူ့ကို မျှော်နေတာပေါ့။ ဘယ်ရောက်နေမှန်းမသိဘူး အဲဒါမျိုးဖြစ်နေတာ”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ဒေါက်တာခလမ်ဆမ်ဆွန်သည် လက်ရှိ KBC၏ အကြံပေး တာဝန်ယူထားသူဖြစ်ပြီး ကချင်လူထုအပေါ် ဩဇာရှိသည့် ဘာသာရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။

၂၀၁၉အတွင်းကလည်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက အရေးယူရန် ကြိုးပမ်းခဲ့သော်လည်း ဒေါက်တာခလမ်ဆမ်ဆွန်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့မန္တလေး၌ တွေ့ဆုံခဲ့ပြီးနောက် ပြေလည်မှုရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သုံးသပ်ဆောင်းပါး

လူ ၅ ယောက်မှာ ၁ ယောက် ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပေးပို့ချက် ဒီမနက်ကပဲ ကျွန်တော်တို့ လက်ခံ ရရှိလိုက်ပါတယ်။

ဆောင်းပါး

မြန်မာနိုင်ငံတွင် ကင်ဆာရောဂါသည် တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုကြီးတခုဖြစ်ပြီး အသက်အရွယ်မရွေး လူတိုင်းအတွက် အန္တရာယ်ရှိနေသည့် အခြေအနေဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီ (IARC) တို့မှ ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ကင်ဆာရောဂါအခြေအနေဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတကာ

ထိုင်းမှာ သင်္ဘောသီးထောင်း စားကြရာကနေ ပြင်းထန် အသည်းရောဂါပိုးတစ်မျိုး (liver fluke) ပျံ့နှံ့ ကူးစက်မှုတွေကို ကျန်းမာရေး အာဏာပိုင်တွေက သတိပေးထားပါတယ်။