Connect with us

Hi, what are you looking for?

သတင်း

လောက်ကိုင်တွင်တိုက်ပွဲပြင်းထန်စွာဖြစ်နိုင်သည်ဆို​သောသတင်း​ကြောင့်​နယ်အစုံမှလုပ်သားများ​နေရပ်ပြန်

လောက်ကိုင်ရှိ လောင်းကစားရုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံဒေသအနှံ့မှ လာရောက် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းမြန်မာလုပ်သား သုံးသိန်းခန့်အထိရှိနေသည်။

(​ရွေ့ပြောင်းလုပ်သားများ လောက်ကိုင်မှ ထွက်ခွာနေကြသည်ကိုယနေ့ တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(​ရွေ့ပြောင်းလုပ်သားများ လောက်ကိုင်မှ ထွက်ခွာနေကြသည်ကိုယနေ့ တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

▪︎တိုက်ပွဲဖြစ်မည်စိုး၍ ​နေရပ်ပြန်သူများသဖြင့် ​လောက်ကိုင်-လားရှိုး ကားခ သုံးဆတက်

လောက်ကိုင်တွင်မကြာမီရက်ပိုင်းအတွင်းတိုက်ပွဲများအပြင်းအထန်ဖြစ်လာနိုင်သည်ဟု သတင်းများထွက်ပေါ်နေသဖြင့် ​နယ်​ပေါင်းစုံမှအလုပ်သမားများနေရပ်သို့ ပြန်နေကြသည်။

“သတင်းတွေမျိုးစုံထွက်နေတယ်။ တိုက်ပွဲကလည်းဖြစ်လာနိုင်တဲ့အနေအထားပဲ။စစ်တပ်ကလည်းအင်အားတိုး​နေတယ်။ကိုးကန့်ဘက်ကလည်း အသင့်အနေအထားရှိနေတယ်” ဟု လောက်ကိုင်မြို့ခံတစ်ဦးကPeople’s Spring သို့ပြောသည်။

(​ရွေ့ပြောင်းလုပ်သားများ လောက်ကိုင်မှ ထွက်ခွာနေကြသည်ကိုယနေ့ တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(​ရွေ့ပြောင်းလုပ်သားများ လောက်ကိုင်မှ ထွက်ခွာနေကြသည်ကိုယနေ့ တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းလောက်ကိုင်နှင့် ထိစပ်နေသော ချင်းရွှေဟော်မြို့တွင် ကိုးကန့်တပ်မတော်(MNDAA) နှင့် စစ်ကောင်စီတပ်နိုဝင်ဘာလ ၂၈ရက်နှင့် ၂၉ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။MNDAAစခန်းကို စစ်ကောင်စီက အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်လာ၍တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၀ဦး သေဆုံးခဲ့သည်။ ​သေဆုံးသူများအ​လောင်းကို စစ်ကောင်စီက စွန့်ပစ်ခဲ့၍ မြေမြုပ်​ပေးခဲ့​ကြောင်းလည်း MNDAAကရုပ်သံနှင့်တစ်ကွထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင်အထိနာသွားသည့် စစ်ကောင်စီတပ်က ယခုအခါ အင်အားတိုး​နေသဖြင့် မကြာမီတိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဆိုင်ကအလုပ်သမားတွေ မနေရဲတော့လို့ ပြန်သွားကြပြီ။ အခုက ရှောင်ရမယ့်အနေအထားမျိုးပဲ” ဟု လောက်ကိုင်မြို့မှ ဆန်ကုန်သည်တစ်ဦးကလည်းပြောသည်။

ယခုအခါလောက်ကိုင်မှပြန်မည့်သူရာချီတန်းစီနေကြသဖြင့် ကားခများလည်း သုံးဆနီးပါးတက်သွားသည်။လောက်ကိုင်- လားရှိုးကားသည် ယခင်က ခရီးသည်တစ်ဦးလျှင်သုံးသောင်ကျပ်ဖြစ်သော်လည်း ယခုအခါ တစ်သိန်းကျပ်အထိစျေးခုန်တက်သွားသည်။

လောက်ကိုင်ရှိ လောင်းကစားရုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံဒေသအနှံ့မှ လာရောက် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းမြန်မာလုပ်သား သုံးသိန်းခန့်အထိရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook