Connect with us

Hi, what are you looking for?

သတင်း

လောက်ကိုင်မြို့တွင် ရွှေ့ပြောင်းမြန်မာလုပ်သားမိခင်တစ်ဦး အဓမ္မပြုကျင့်အသတ်ခံရ

လောက်ကိုင်မြို့၊ ရွှေတြိဂံနယ်မြေအနီးရှိ ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးကိုအမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့​မှု ဒီဇင်ဘာ၁ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လောက်ကိုင်မြို့တွင် ရွှေ့ပြောင်းမြန်မာလုပ်သားမိခင်တစ်ဦး အဓမ္မပြုကျင့်အသတ်ခံရ
လောက်ကိုင်မြို့တွင် ရွှေ့ပြောင်းမြန်မာလုပ်သားမိခင်တစ်ဦး အဓမ္မပြုကျင့်အသတ်ခံရ

ရှမ်းပြည်နယ် လောက်ကိုင်မြို့တွင် ရွှေ့ပြောင်းမြန်မာလုပ်သား မိခင်တစ်ဦးကို အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့် အသတ်ခံရပြီး အလောင်းဖျောက်သည့်​ဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

လောက်ကိုင်မြို့၊ ရွှေတြိဂံနယ်မြေအနီးရှိ ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးကိုအမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့​မှု ဒီဇင်ဘာ၁ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကုမ္မဏီတစ်ခုတည်းမှာ လုပ်ကြသူတွေလို့သိရပြီး အဓမ္မပြုကျင့်တဲ့အပြင် သတ်ပစ်တာ။ အလောင်းကိုလည်း ဖျောက်ဖို့ ကြိုးစားထားတာတဲ့။ ရေစည်ထဲမှာတွေ့တာ”ဟု လောက်ကိုင်မြို့မှ လူမှုရေးအသင်းတာဝန်ခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

သေဆုံးသူသည် အသက်(၃၀)အရွယ်ခန့် အမျိုးသမီးတစ်ဦးဖြစ်သည်။ အိမ်ထောင်သည်ဖြစ်ပြီး ကလေးနှစ်ဦးနှင့်မိသားစု ကျန်ရစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ ကျူးလွန်သူအမျိုးသားနှစ်ဦးကို ကိုးကန့်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စစ်ဆေးနေဆဲဟု သိရသည်။

Public Service Announcement

Public Service Announcement

လောက်ကိုင်မြို့သည် က်ိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်ပါဝင်ပြီး တရုတ်နိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည်။

က်ိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သည် စစ်ကောင်စီထောက်တိုင်များဖြစ်ပြီး လောက်ကိုင်မြို့သည် ဥပဒေမဲ့ ပရမ်းပတာမြို့ဖြစ်နေပြီဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ကား ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာ ၁၀ ဦးဒဏ်ရာရရှိမှု ဒီကနေ့ စက်တင်ဘာ ၁ ရက် နံနက်က ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

နှုတ်ခမ်းမွေးဆိုတဲ့ နာမည်ပြောင်နဲ့ လူသိများတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ Te Achaewက ထိုင်းအစိုးရ အနေနဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ့် အခြေအနေ နှစ်ရပ်ကို ပြန်လည် စဉ်းစားသင့်ကြောင်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

Facebook