Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာလေးရွာ မီးရှို့ဖျက်ဆီး

အဆိုပါ စစ်ကြောင်းသည် ကန့်ဘလူနှင့် တန့်ဆည်နယ်စပ်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သည့်စစ်ကြောင်းဖြစ်ပြီး နယ်စပ်ကျေးရွာ ၇ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဓါတ်ပုံ-Infinity Group
ဓါတ်ပုံ-Infinity Group

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ဒီဇင်ဘာပထမပတ်အတွင်း စစ်ကောင်စီတပ်က ကျေးရွာ လေးရွာရှိ နေအိမ် ၁၄၀နီးပါး မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၄ရက်နှင့် ၅ရက်က ကန့်ဘလူနယ်စပ် တန့်ဆည်မြို့နယ်၊ သာဂေါင်ကြီးကျေးရွာရှိ နေအိမ် ၇၆ လုံး၊ ကမ်းဖြူရွာရှိ နေအိမ် ၄၀လုံး၊ ဝက်တိုးရွာရှိ နေအိမ် ၁၇ လုံးနှင့် ပုတီးရွာရှိ နေအိမ် ၆လုံး စုစုပေါင်း ၁၃၉လုံး မီးရှို့ဖျက်ဆီးသွားကြောင်း ​ဒေသခံများက ပြောသည်။

“သာဂေါင်ကြီးရွာကို မနက်၉နာရီကစပြီးရှို့တာ။နေ့လယ်အထိ လောင်တာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ကန့်ဘလူနှင့် တန့်ဆည်နယ်စပ်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သည့်စစ်ကြောင်းဖြစ်ပြီး နယ်စပ်ကျေးရွာ ၇ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် ရွာလုံးကျွတ်မီးရှို့ခံရသောကျေးရွာ ၇ ရွာအပါအဝင် ကျေးရွာ ၇၄ ရွာရှိ လူနေအိမ် ၂,၅၀၆ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရပြီး နေအိမ် ၃၀၀လုံး​၏ အိမ်တိုင်များလှီးဖြတ်ခြင်း ကဲ့သို့ ဖျက်ဆီးခြင်းများ ပြုလုပ်သွားခဲ့သည်။

ထို့အပြင် သာသနိကအဆောက်အဦး ၉ လုံး၊ ကျေးရွာစာကြည့်တိုက် တစ်ခုနှင့် ဆေးခန်းတစ်ခုလည်း မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း Taze News က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။