Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်စွဲရာနေရာအား အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

စစ်ကောင်စီတပ်အား ထိုကဲ့သို့ ဖောက်ခွဲတိုက်ခိုက်နိုင်ရန် မိုင်းထောင်ပြီးနောက် (၃)ရက်ခန့် အချိန်ယူစောင့်ဆိုင်းခဲ့ရပြီး ယမန်နေ့ညကမှ ပိုင်ပိုင်နိုင်နိုင်ဖောက်ခွဲနိုင်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။

(တောင်ငူခရိုင် PDF မှ ရဲဘော်များအား တွေ့ရစဥ်)
(တောင်ငူခရိုင် PDF မှ ရဲဘော်များအား တွေ့ရစဥ်)

စစ်ကောင်စီတပ် လေးဦးသေ၊ နှစ်ဦးဒဏ်ရာပြင်းထန်ဟုဆို

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စည်ပိုင်းကျေးရွာအနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်စွဲရာ နေရာအား အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃) ဒေါင်းမင်းသားပြောက်ကျားတပ်ဖွဲ့က ပြောသည်။

စစ်တောင်းမြစ်အရှေ့ဘက် စည်ပိုင်းကျေးရွာ၌ အင်အား ၃၆ ဦးခန့်ဖြင့် အထိုင်ချထားသော စစ်ကောင်စီတပ်ကို ယမန်နေ့(ဒီဇင်ဘာ ၁၁) ည ၇နာရီကျော်က အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာပြင်း ထန်စွာရသွားသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“သူတို့က စည်ပိုင်းရွာအရှေ့ နဂျပ်ရွာဘက်သွားတဲ့အချိန်နောက်ကနေဝင်ပြီး ထောင်ခဲ့တာ။ ပြန်လာနားတဲ့အချိန်မိုင်းကွင်းတည့်တည့်ဆိုက်မှ ခွဲချပစ်တာ”ဟု ဒေါင်းမင်း သား ပြောက်ကျား တပ်ဖွဲ့တာဝန်ခံ ရဲဘော်နေသူရိန်က ပြောသည်။

စစ်ကောင်စီတပ်အား ထိုကဲ့သို့ ဖောက်ခွဲတိုက်ခိုက်နိုင်ရန် မိုင်းထောင်ပြီးနောက် (၃)ရက်ခန့် အချိန်ယူစောင့်ဆိုင်းခဲ့ရပြီး ယမန်နေ့ညကမှ ပိုင်ပိုင်နိုင်နိုင်ဖောက်ခွဲနိုင်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသူများနှင့် ဒဏ်ရာရသူများအား စစ်ကောင်စီတပ်မှ ဆွာဆေးရုံသို့ ညတွင်းချင်းပို့လိုက်ကြောင်း စုံစမ်းသိရသည်။သို့သော် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး People’s Spring က သီးခြားအတည်မပြုနိုင်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။