Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်စွဲရာနေရာအား အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

စစ်ကောင်စီတပ်အား ထိုကဲ့သို့ ဖောက်ခွဲတိုက်ခိုက်နိုင်ရန် မိုင်းထောင်ပြီးနောက် (၃)ရက်ခန့် အချိန်ယူစောင့်ဆိုင်းခဲ့ရပြီး ယမန်နေ့ညကမှ ပိုင်ပိုင်နိုင်နိုင်ဖောက်ခွဲနိုင်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။

(တောင်ငူခရိုင် PDF မှ ရဲဘော်များအား တွေ့ရစဥ်)
(တောင်ငူခရိုင် PDF မှ ရဲဘော်များအား တွေ့ရစဥ်)

စစ်ကောင်စီတပ် လေးဦးသေ၊ နှစ်ဦးဒဏ်ရာပြင်းထန်ဟုဆို

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စည်ပိုင်းကျေးရွာအနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်စွဲရာ နေရာအား အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃) ဒေါင်းမင်းသားပြောက်ကျားတပ်ဖွဲ့က ပြောသည်။

စစ်တောင်းမြစ်အရှေ့ဘက် စည်ပိုင်းကျေးရွာ၌ အင်အား ၃၆ ဦးခန့်ဖြင့် အထိုင်ချထားသော စစ်ကောင်စီတပ်ကို ယမန်နေ့(ဒီဇင်ဘာ ၁၁) ည ၇နာရီကျော်က အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာပြင်း ထန်စွာရသွားသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“သူတို့က စည်ပိုင်းရွာအရှေ့ နဂျပ်ရွာဘက်သွားတဲ့အချိန်နောက်ကနေဝင်ပြီး ထောင်ခဲ့တာ။ ပြန်လာနားတဲ့အချိန်မိုင်းကွင်းတည့်တည့်ဆိုက်မှ ခွဲချပစ်တာ”ဟု ဒေါင်းမင်း သား ပြောက်ကျား တပ်ဖွဲ့တာဝန်ခံ ရဲဘော်နေသူရိန်က ပြောသည်။

စစ်ကောင်စီတပ်အား ထိုကဲ့သို့ ဖောက်ခွဲတိုက်ခိုက်နိုင်ရန် မိုင်းထောင်ပြီးနောက် (၃)ရက်ခန့် အချိန်ယူစောင့်ဆိုင်းခဲ့ရပြီး ယမန်နေ့ညကမှ ပိုင်ပိုင်နိုင်နိုင်ဖောက်ခွဲနိုင်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသူများနှင့် ဒဏ်ရာရသူများအား စစ်ကောင်စီတပ်မှ ဆွာဆေးရုံသို့ ညတွင်းချင်းပို့လိုက်ကြောင်း စုံစမ်းသိရသည်။သို့သော် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး People’s Spring က သီးခြားအတည်မပြုနိုင်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook