Connect with us

Hi, what are you looking for?

သတင်း

မြို့လှKPDF မိုင်းကွင်းပေါ်​ရောက်လာ​သောခလရ (၇၈)စစ်​ကြောင်း ၄ ဦး​သေ ၁၀ ဦးခန့်ဒဏ်ရာရဟုဆို

ခလရ (၇၈)စစ်ကြောင်းမှူး ဇေယျာမင်းဦးစီး သောအင်အား ၆၇ ဦးပါ အဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက်၊ နံနက် ၅ နာရီ ၁၀ မိနစ်တွင်ကသာခရိုင် ချောင်းဝရွာ မှ မိုးဒါလေး ဘက်သို့ စစ်ရေး လှုပ်ရှားမှု့ ပြုလုပ်လာခဲ့သည်။

(မြို့လှ K-PDF ၏ မိုင်းအချို့ ။ ။ဓါတ်ပုံ-မြို့လှKPDF)
(မြို့လှ K-PDF ၏ မိုင်းအချို့ ။ ။ဓါတ်ပုံ-မြို့လှKPDF)

မိုင်းကွင်းထဲရောက်လာသည့်စစ်​ကောင်စီတပ်၏ တပ်မ ၈၈ လက် အောက်ခံ​​ခြေလျင်တပ်ရင်း (ခလရ) ၇၈ အားမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း မြို့လှ KPDF က ထုတ်ပြန်သည်။

ခလရ (၇၈)စစ်ကြောင်းမှူး ဇေယျာမင်းဦးစီး သောအင်အား ၆၇ ဦးပါ အဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက်၊ နံနက် ၅ နာရီ ၁၀ မိနစ်တွင်ကသာခရိုင် ချောင်းဝရွာ မှ မိုးဒါလေး ဘက်သို့ စစ်ရေး လှုပ်ရှားမှု့ ပြုလုပ်လာခဲ့သည်။

ချောင်းဝရွာနှင့် နေားတန်းရွာ အကြားKPDF တပ်ခွဲမှ မိုင်းဆရာ ဗိုလ်ဂုဏ်မာန် ၏သတ်ကွင်းထဲသို့ ၇ နာရီ မိနစ် ၄၀ခန့်ကစစ်ကောင်စီတပ်များဝင်ရောက်လာခဲ့ပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

မိုင်းဆွဲတိုက်ခိုက်မှု​ကြောင့်​စစ်သား ၄ ဦး​သေဆုံးပြီး၁၀ ဦးထက်မနည်းဒဏ်ရာရခဲ့သည်ဟုထုတ်ပြန်သည်။သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား လေးဦး၏ ခြေပြတ်လက်ပြတ်များကို မိုင်းကွင်းတွင်တွေ့ရှိခဲ့​ကြောင်းလည်းအသိ​ပေးထား

Public Service Announcement

Public Service Announcement

သည်။ မိုင်းထိပြီး ​ခြေ​ထောက်များပြတ်​နေ​သောဓါတ်ပုံအချို့ကိုပါ မြို့လှ KPDF ပူးတွဲထုတ်ပြန်ထားသည်။

အဆိုပါ​ခြေပြတ်လက်ပြတ်များကို မိုင်းဆွဲတိုက်ခိုက်ခံရ​​သော​နေရာအနီး မြှပ်နှံသွား​ကြောင်းလည်းသိရသည်။

ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီတပ်သားများကို ထန်းတဘိုးဖြင့်နှစ်ယောက်တစ်တွဲ (၈)တွဲထမ်းသယ်၍​နောက်ဆုတ်သွားကြောင်းလည်း KPDF ကဆိုသည်။စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

တိုက်ခိုက်ခဲ့သည့်ဖြစ်စဥ် နှင့် စစ်​ကောင်စီတပ်နောက်ဆုတ်သွားခဲ့သည့် စစ်ကောင်စီစစ်ကြောင်း အခြေအ​နေ ကို KPDF ထံPeople’s Spring သတင်းဌာနက ဆက်သွယ်​မေးမြန်းရာတွင် သီးခြားမှတ်ချက်မရရှိသေးပါ။

ခလရ ၇၈ စစ်ကြောင်း သည် ချောင်းဝရွာအနီးကိုယ်ဝန်ဆောင်မိခင်အားသေနတ်ဖြင့်ထောက်ပြီးခြေထောက်ဖြင့် ကန်ကြောက်မှုပြုလုပ်ခဲ့သည်ဟုလည်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF က အနီးကပ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေများတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မေလ ၁၉ရက် ညနေက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF က ဒရုန်းနဲ့ဗုံးကြဲလို့ အာဏာသိမ်းစစ်တပ်ကစစ်သား ၄ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဖားကန့်မှာ မနေ့ကစတင်ပြီးတကျော့ပြန်ဖြစ်ပွားတဲ့မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး သုံ့ပန်းနဲ့လက်နက်ခဲယမ်းအချို့ရရှိခဲ့တယ်လို့KIA၊KPDF သတင်းရင်းမြစ်တွေကပြောပါတယ်။