Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို CDF တိုက်ခိုက်

အင်အား ၂၀ခန့်ဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၁၃ရက် မွန်းလွဲပိုင်း ၂နာရီခွဲတွင် မင်းတပ်မြို့နှင့် ၅မိုင် ၅ဖာလုံ၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့သည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

(မင်းတပ် CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဆလိုင်းဟာအွမ်)
(မင်းတပ် CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဆလိုင်းဟာအွမ်)

စစ်ကောင်စီတပ် သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရဟုဆို

ချင်းပြည်နယ် မင်းတပ်မြို့အနီးရှိ စစ်ကောင်စီတပ် ခလရ (၂၇၄)တပ်ရင်းနှင့် မိုင်အနည်းငယ်အကွာ၌ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

အင်အား ၂၀ခန့်ဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၁၃ရက် မွန်းလွဲပိုင်း ၂နာရီခွဲတွင် မင်းတပ်မြို့နှင့် ၅မိုင် ၅ဖာလုံ၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့သည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

“ အတက်နိုင်ဆုံး ကျနော်တို့ နယ်မြေစိုးမိုးမှု ဧရိယာကို ချဲ့လာတာလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အပြစ်မဲ့ ပြည်သူတွေကို သွားလာတာတွေသော်လည်းကောင်း အဲဒီ ပတ်ဝန်းကျင်က လူတွေကို အမြဲတမ်းဒုက္ခပေးနေတာ။ ကျနော်တို့ဘက်က လုပ်နိုင်တာက ကင်းလှည့်လာတဲ့ တပ်ဖွဲ့ကို တွေ့တယ်။ ကျနော်တို့ဘက်က ပစ်ခတ်တယ်။ သုံးယောက်သေသွားတယ်။ နှစ်ယောက် ဒဏ်ရာရသွားတယ်။ အနီးကပ်ပစ်တာ။ ပြီးတော့ ပြန်ဆုတ်လာတယ်” ဟု ဆလိုင်းဟာအွမ်က ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ CDF ရဲဘော်များ ထိခိုက်မှုမရှိကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့နယ် ပလုံတွီရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို နိုဝင်ဘာလလယ်က မင်းတပ် CDFက ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲမဖြစ်သည်မှာ နှစ်လခန့်ကြာပြီဖြစ်သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားမှုမရှိခြင်းမှာ မင်းတပ် CDF အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်နှင့်အညီ စစ်အင်အား လက်နက်ခဲယမ်းဖြည့်တင်းမှုများ လုပ်ဆောင်ခြင်းအပါအဝင် ပြင်ဆင်မှုများ ဆောင်ရွက်နေ၍ ဖြစ်သည်ဟု ဆလိုင်းဟာအွမ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ချင်းပြည်နယ်၊မင်းတပ်မြို့အနီးမှာမြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး၄ ဒဿမ၂ အဆင့်ငလျင်လှုပ်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။