Connect with us

Hi, what are you looking for?

သတင်း

ပြောင်းရိတ်တောင်သူများကို လက်နက်ကြီးဖြင့်ပစ်သည့် စစ်အုပ်စုနှင့် PDFများ တိုက်ပွဲဖြစ်ပွား

စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်ကြားက PDFရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

(ကြွယ်ပုံရွာအားလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်/ပုံအ​ဟောင်း)
(ကြွယ်ပုံရွာအားလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်/ပုံအ​ဟောင်း)

▪︎စစ်အုပ်စုအထိအခိုက်ရှိပြီး ပြည်သူ့ရဲဘော်တစ်ဦး လက်နက်ကြီးပြောင်းကွဲ၍ ကျဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် သီးနှံရိတ်သိမ်းနေသည့် ပြည်သူများကို စစ်ကောင်စီတပ်နှင့် ပျူများက လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒေသတွင်း PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ ပျူစောထီးကြီးစိုးရာကြွယ်ပုံရွာအနီး၌ ပြောင်းရိတ်တောင်သူများက ပျူများကနှောင့်ယှက်မည်စိုး၍ အကူအညီတောင်းရာ တိုက်နယ်စွန် PDF အဖွဲ့၏ ရဲဘော်များက နံနက်၅နာရီခွဲမှစကာ ကင်းပုန်းဝပ်ပေးခဲ့သည်။

​ထိုသို့ပြောင်းရိတ်နေသည်ကို စစ်ကောင်စီသတင်းပေးကမြင်၍ သတင်းသွားပို့သောကြောင့် တောင်သူများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း၊ ထိုသတင်းပေးကိုလိုက်ဖမ်းချိန် စစ်အုပ်စု၏ အင်အား ၃၀ နှင့် ထိပ်တိုက်တွေ့ပြီး တစ်နာရီခန့် ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တိုက်နယ်စွန် PDF အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့နောက် စစ်အုပ်စုနှင့်ပျူများက စစ်ကူရောက်လာ၍ PDF ရဲဘော်များဆုတ်ခွာခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုသို့ဆုတ်ခွာစဥ် တိုက်နယ်စွန်PDFရဲဘော်တစ်ဦးက79ဖြင့် ပစ်ခတ်ခဲ့ရာ ပျုစောထီးများကြား ကျရောက်ပြီး ၁ ဦးသေ ၂ ဦး ဒဏ်ရာရသွားကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်ကြားက PDFရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

စုရပ်သို့ရောက်ရှိပြီး မဟာမိတ်အဖွဲ့များမှ အသီးသီးနေရာယူကာ ၁၁ နာရီဝန်းကျင်ကစ၍ လက်နက်ကြီးများဖြင့် ကြွယ်ပုံရွာအတွင်းသို့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန် PDF အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ပစ်ခတ်နေစဥ် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ဂျက်တိုက်လေယာဥ်တစ်စီး ဝဲလာသောကြောင့် ၁၀ မိနစ်ခန့် ရပ်ဆိုင်းခဲ့ပြီးနောက် ပြန်ပစ်ချိန် စစ်ကောင်စီဘက်က စက်လက်နက်အပါဝင် လက်နက်ကြီးငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်နေချိန် တွေ့မရှောင် မဟာမိတ်pdfအဖွဲ့က ရဲဘော်တစ်ဦး PDFအဖွဲ့၏ လက်နက်ကြီးပြောင်းကွဲ၍ ထိမှန်ကာ ကျဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုပစ်ခတ်မှုများကို ညနေ ၆ နာရီခွဲတွင် ရပ်ဆိုင်းခဲ့သည်။

“နေ့လယ် ၁၂ ခွဲလောက်ကနေ ညနေ ခြောက်ခွဲလောက်အထိ မဟာမိတ်အဖွဲ့များနဲ့ အနောက်၊ မြောက်၊ တောင် အရပ်တွေကနေ လက်နက်ကြီး လက်နက်ငယ်တို့နဲ့ Battle ရင်ဆိုင် ပစ်ခတ်ကြပါတယ်။ လက်နက်ကြီး အချက်ရေပေါင်း ၁၀၀ ကျော်ခန့် နှင့် လက်နက်ငယ်များဖြစ်လည်း ပစ်ခက်ကြပါတယ်။ သတင်းထောက်လှမ်းချက်အရ အထိခိုက်အကျဆုံးများတယ်လို့သိရပါတယ်။”ဟု တိုက်နယ်စွန် PDF အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုတိုက်ခိုက်မှုတွင် ရင်း ၈ ခွဲ ၃ အဖွဲ့၊ GTR အဖွဲ့၊ တိုက်နယ်စွန် (စွန်) PDF အဖွဲ့တို့က လက်နက်ကြီး ၁၈ ချက်၊ မော်ကွန်းသစ် PLA အဖွဲ့ ကျားသစ်အဖွဲ့၊ စွန်ရဲ LPDF အဖွဲ့တို့က ၂၈ ချက်၊ အလင်းရောင်ညီနောင်အဖွဲ့က လက်နက်ကြီး ၁၉ ချက်၊ Young Wolf အဖွဲ့ လက်နက်ကြီး အချက် ၂၀၊ Zero ပျောက်ကျား တပ်ဖွဲ့က ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင်ဗိုလ်မိုးကြိုးအဖွဲ့က လက်နက်ငယ် ၁၄ လက်၊ တာဝေးပစ်များဖြင့်လည်းကောင်း၊ ပကဖနှင့် မဟာမိတ်အဖွဲ့များကလည်းကောင်းပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

.ယခုရက်ပိုင်းအတွင်း ပျူစောထီးကြီးစိုးရာ ကြွယ်ပုံရွာအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။