Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်နယ်တွင် ရွာ၂၀ကျော်မီးရှို့ခဲ့သည့် စစ်ကောင်စီတပ် အင်းတော်နယ်ရှိ ဂျုံးဂျရွာကို မီးရှို့ဖျက်ဆီးနေ

ထီးချိုင့်ဒေသခံ၏ ပြောဆိုချက်အရ ပြီးခဲ့သည့် တစ်လအတွင်းထီးချိုင့်မှ ရွာပေါင်း ၂၀ကျော် အိမ်ခြေ တစ်ထောင်နီးပါးကို စစ်ကောင်စီတပ်က မီးရှို့သွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က အင်းတော်မြို့နယ် နတ်မဟုတ်ကြီးရွာအား မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - IR
စစ်ကောင်စီတပ်က အင်းတော်မြို့နယ် နတ်မဟုတ်ကြီးရွာအား မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - IR

▪️လူစိတ်ကင်းသည့်မီးရှို့တပ်ဖြစ်၍ ပြည်သူများသတိဖြင့် ကြိုတင်ပြင်ဆင်ကြရန် နှိုးဆော်

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်သည် အင်းတော်မြို့နယ်သို့ ပြီးခဲ့သည့်ရက်ပိုင်းက ဝင်ရောက် လာပြီး ယနေ့(ဒီဇင်ဘာ ၁၆ရက်) နေ့လယ်ပိုင်း၌ အင်းတော်မြို့နယ် ဂျုံးဂျကျေးရွာသစ်ကို မီးစရှို့နေသည် ဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲဘော်က ပြောသည်။

“အင်းတော်ထဲကို စစ်ကြောင်းသုံးကြောင်း ဝင် လာတာ။ ထီးချိုင့်ဘက်က ဝင်လာတာ။ ဝင်လာတာက ၂ရက်လောက်ရှိပြီ။ ၁၄ရက်နေ့ကတည်းက စစ်ကြောင်းသုံးကြောင်း၊ တစ်ကြောင်းကို အင်အား ၁၀၀ လောက်ပါတယ်။ အခု အဲဒါနဲ့ အင်းတော် PDF အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်နေတာ။ဖြစ်တဲ့အချိန်မှာ သူတို့က ရွာတွေကို မီးရှို့နေတာ”ဟု အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲသည် အင်းတော်မြို့နယ် ညောင်ကုန်းကျေးရွာအနီး၌ ဖြစ်ပွားနေသည်ဟု ဆိုသည်။ အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ထီးချိုင့်၌ ကျေးရွာအများအပြားကို မီးရှို့ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး အင်းတော်ကိုလည်း ထီးချိုင့် ကဲ့သို့ မီးရှို့ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟုအင်းတော် PDFက ပြောသည်။

Public Service Announcement
Public Service Announcement

ထီးချိုင့်ဒေသခံ၏ ပြောဆိုချက်အရ ပြီးခဲ့သည့် တစ်လအတွင်းထီးချိုင့်မှ ရွာပေါင်း ၂၀ကျော် အိမ်ခြေ တစ်ထောင်နီးပါးကို စစ်ကောင်စီတပ်က မီးရှို့သွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အဓိကတော့ ပြည်သူတွေအနေနဲ့ စစ်ကြောင်းလာလို့ရှိရင် အဲဒီစစ်ကြောင်းနဲ့ ဝေးနိုင်သမျှ ဝေးအောင် ရှောင်ကြဖို့ပေါ့”ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

Indaw Revolution ကလည်း ပြည်သူလူထုများအား သတိပေးနှိုးဆော်ထားရာ တန်ဖိုးကြီးပစ္စည်းများကို တတ်နိုင်သမျှ ရွေ့ပြောင်းခြင်း၊နေရာခွဲထားခြင်း၊အရေးကြီပစ္စည်းများကို အလွယ်တကူယူဆောင်နိုင်ရန် ထုတ်ပိုးထားခြင်းနှင့်အိမ်မွေးတိရိစ္ဆာန်များကိုလည်း အလွယ်တကူလွတ်နိုင်အောင် ပြုလုပ်ထားစေလိုကြောင်း အသိပေးထား သည်။

စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားသည် ဖြစ်စေ၊တိုက်ပွဲ ဖြစ်ပွာခြင်းမရှိသည်ဖြစ်စေ ကျေးရွာ၊ နေအိမ်များကိုမီးရှို့ခြင်း လုပ်နိုင်၍ ပြည်သူ များအနေဖြင့် ဆန်ရေ၊စပါး၊ထွန်စက် စသည့်တန်ဖိုးကြီးပစ္စည်းများကို တတ်နိုင်သမျှ ရွှေ့ပြောင်းခြင်း၊နေရာခွဲထားခြင်း လုပ်ဆောင်ထားရန် တိုက်တွန်းထားသည်။

ယခုကာလသည် ပွင့်လင်းရာသီဘက်ရောက်လာပြီ ဖြစ်သည့်အတွက် စစ်ကြောင်းထိုးမှုတွေ ပိုမိုများပြားလာနိုင်သလို တိုက်ပွဲတွေလဲ ပိုမိုပြင်းထန်လာနိုင်ကြောင်း၊ တိုက်ပွဲများသည် တောရော၊မြို့ပါ အချိန်မရွေးဖြစ်လာနိုင်သည့်အတွက် ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ပြင်ဆင်ထားကြရန်နှင့် တိုက်ပွဲဖြစ်လျင် အမြန်တိမ်းရှောင်ရန် နှိုးဆော်ထားသည်။

“ပြည်သူများကို ကြောက်လန့်နေဖို့ပြောဆိုခြင်းမဟုတ်ပါဗျ လူစိတ် ကင်းမဲ့နေတဲ့ ဖက်ဆစ် မီးရှို့တပ်သည် ပြည်သူကို ရန်သူလို သဘောထားနေကြောင်း မိဘပြည်သူများ သိရှိပြီးဖြစ်သည့်အတွက် အတတ်နိုင်ဆုံး ဆုံးရှုံးမှုမများအောင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် သတိပေးခြင်းဖြစ်ပါတယ်ခင်ဗျာ”ဟုလည်း Indaw Revolution က ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။