Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်နယ်တွင် ရွာ၂၀ကျော်မီးရှို့ခဲ့သည့် စစ်ကောင်စီတပ် အင်းတော်နယ်ရှိ ဂျုံးဂျရွာကို မီးရှို့ဖျက်ဆီးနေ

ထီးချိုင့်ဒေသခံ၏ ပြောဆိုချက်အရ ပြီးခဲ့သည့် တစ်လအတွင်းထီးချိုင့်မှ ရွာပေါင်း ၂၀ကျော် အိမ်ခြေ တစ်ထောင်နီးပါးကို စစ်ကောင်စီတပ်က မီးရှို့သွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က အင်းတော်မြို့နယ် နတ်မဟုတ်ကြီးရွာအား မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - IR
စစ်ကောင်စီတပ်က အင်းတော်မြို့နယ် နတ်မဟုတ်ကြီးရွာအား မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - IR

▪️လူစိတ်ကင်းသည့်မီးရှို့တပ်ဖြစ်၍ ပြည်သူများသတိဖြင့် ကြိုတင်ပြင်ဆင်ကြရန် နှိုးဆော်

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်သည် အင်းတော်မြို့နယ်သို့ ပြီးခဲ့သည့်ရက်ပိုင်းက ဝင်ရောက် လာပြီး ယနေ့(ဒီဇင်ဘာ ၁၆ရက်) နေ့လယ်ပိုင်း၌ အင်းတော်မြို့နယ် ဂျုံးဂျကျေးရွာသစ်ကို မီးစရှို့နေသည် ဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲဘော်က ပြောသည်။

“အင်းတော်ထဲကို စစ်ကြောင်းသုံးကြောင်း ဝင် လာတာ။ ထီးချိုင့်ဘက်က ဝင်လာတာ။ ဝင်လာတာက ၂ရက်လောက်ရှိပြီ။ ၁၄ရက်နေ့ကတည်းက စစ်ကြောင်းသုံးကြောင်း၊ တစ်ကြောင်းကို အင်အား ၁၀၀ လောက်ပါတယ်။ အခု အဲဒါနဲ့ အင်းတော် PDF အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်နေတာ။ဖြစ်တဲ့အချိန်မှာ သူတို့က ရွာတွေကို မီးရှို့နေတာ”ဟု အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲသည် အင်းတော်မြို့နယ် ညောင်ကုန်းကျေးရွာအနီး၌ ဖြစ်ပွားနေသည်ဟု ဆိုသည်။ အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ထီးချိုင့်၌ ကျေးရွာအများအပြားကို မီးရှို့ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး အင်းတော်ကိုလည်း ထီးချိုင့် ကဲ့သို့ မီးရှို့ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟုအင်းတော် PDFက ပြောသည်။

Public Service Announcement
Public Service Announcement

ထီးချိုင့်ဒေသခံ၏ ပြောဆိုချက်အရ ပြီးခဲ့သည့် တစ်လအတွင်းထီးချိုင့်မှ ရွာပေါင်း ၂၀ကျော် အိမ်ခြေ တစ်ထောင်နီးပါးကို စစ်ကောင်စီတပ်က မီးရှို့သွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အဓိကတော့ ပြည်သူတွေအနေနဲ့ စစ်ကြောင်းလာလို့ရှိရင် အဲဒီစစ်ကြောင်းနဲ့ ဝေးနိုင်သမျှ ဝေးအောင် ရှောင်ကြဖို့ပေါ့”ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

Indaw Revolution ကလည်း ပြည်သူလူထုများအား သတိပေးနှိုးဆော်ထားရာ တန်ဖိုးကြီးပစ္စည်းများကို တတ်နိုင်သမျှ ရွေ့ပြောင်းခြင်း၊နေရာခွဲထားခြင်း၊အရေးကြီပစ္စည်းများကို အလွယ်တကူယူဆောင်နိုင်ရန် ထုတ်ပိုးထားခြင်းနှင့်အိမ်မွေးတိရိစ္ဆာန်များကိုလည်း အလွယ်တကူလွတ်နိုင်အောင် ပြုလုပ်ထားစေလိုကြောင်း အသိပေးထား သည်။

စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားသည် ဖြစ်စေ၊တိုက်ပွဲ ဖြစ်ပွာခြင်းမရှိသည်ဖြစ်စေ ကျေးရွာ၊ နေအိမ်များကိုမီးရှို့ခြင်း လုပ်နိုင်၍ ပြည်သူ များအနေဖြင့် ဆန်ရေ၊စပါး၊ထွန်စက် စသည့်တန်ဖိုးကြီးပစ္စည်းများကို တတ်နိုင်သမျှ ရွှေ့ပြောင်းခြင်း၊နေရာခွဲထားခြင်း လုပ်ဆောင်ထားရန် တိုက်တွန်းထားသည်။

ယခုကာလသည် ပွင့်လင်းရာသီဘက်ရောက်လာပြီ ဖြစ်သည့်အတွက် စစ်ကြောင်းထိုးမှုတွေ ပိုမိုများပြားလာနိုင်သလို တိုက်ပွဲတွေလဲ ပိုမိုပြင်းထန်လာနိုင်ကြောင်း၊ တိုက်ပွဲများသည် တောရော၊မြို့ပါ အချိန်မရွေးဖြစ်လာနိုင်သည့်အတွက် ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ပြင်ဆင်ထားကြရန်နှင့် တိုက်ပွဲဖြစ်လျင် အမြန်တိမ်းရှောင်ရန် နှိုးဆော်ထားသည်။

“ပြည်သူများကို ကြောက်လန့်နေဖို့ပြောဆိုခြင်းမဟုတ်ပါဗျ လူစိတ် ကင်းမဲ့နေတဲ့ ဖက်ဆစ် မီးရှို့တပ်သည် ပြည်သူကို ရန်သူလို သဘောထားနေကြောင်း မိဘပြည်သူများ သိရှိပြီးဖြစ်သည့်အတွက် အတတ်နိုင်ဆုံး ဆုံးရှုံးမှုမများအောင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် သတိပေးခြင်းဖြစ်ပါတယ်ခင်ဗျာ”ဟုလည်း Indaw Revolution က ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။