Connect with us

Hi, what are you looking for?

သတင်း

ရေဦးနယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အထိနာဟုဆို

ဒီဇင်ဘာ ၁၄ ရက်က ရွာမိဿာရွာအနီးသို့ စစ်ကြောင်းထိုးလာသော အင်အား(၁၀၀)ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့်သေဆုံးပြီး ၁၅ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အညာကာကွယ်ရေးတပ် ADFက အသိပေးသည်။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည်ဟုဆိုသည့် လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-ADF
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည်ဟုဆိုသည့် လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-ADF

▪️လက်နက်နှစ်လက်နှင့် ကျည်အများအပြား သိမ်းဆည်းရမိဟု ADF ပြော

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ၊ ရွာမိဿာရွာ အနီးတွင် စစ်ကောင်စီတပ်နှင့်ပျူများအား ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုအထိအခိုက်များပြီး လက်နက်နှစ်လက်နှင့် ကျည်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း(၉)အညာကာကွယ်ရေးတပ် ADFက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၄ ရက်က ရွာမိဿာရွာအနီးသို့ စစ်ကြောင်းထိုးလာသော အင်အား(၁၀၀)ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့်သေဆုံးပြီး ၁၅ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အညာကာကွယ်ရေးတပ် ADFက အသိပေးသည်။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည်ဟုဆိုသည့် လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-ADF
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည်ဟုဆိုသည့် လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-ADF

ထို့အပြင် စစ်အုပ်စု၏ MA -1 (၂)လက်၊ကျည်ဘောက် (၁၂)ခု၊ 5.56ကျည် (၂၁၀)တောင့်၊လက်ပစ်ဗုံး (၂)လုံး၊ ဦးထုပ် နှစ်လုံးကိုသိမ်းဆည်းနိုင်ခဲ့ကြောင်း အညာကာကွယ်ရေးတပ် ADFက ထုတ်ပြန်သည်။

ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ADFက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ အညာကာကွယ်ရေးတပ် ADFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ဖြစ်စဥ်နှင့် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် ရေဦးနယ်၊ တောင်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရွာများကို ဒီဇင်ဘာလ ၁ဝ ရက်မှစတင်ကာ ဒီဇင်ဘာ ၁၄ ရက်အထိ ပေါက်သာ၊ဇိန့်ဇွန်း၊ပိဋကတ်ကျ၊မုတ်စီ၊ ရွာမိဿာ၊ ချမ်းသာ၊ကုန်းသာနှင့် ရွာသစ်စသည့် ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

အညာကာကွယ်ရေးတပ် ADF(ရွှေဘိုခရိုင်တပ်ရင်း ၉)သည် ဒီဇင်ဘာ ၃ ရက်ကလည်း ရေဦးမြို့နယ်၊ဆည်ကြီးရွာအနီးတွင် လည်းကောင်း၊ ဒီဇင်ဘာ ၅ ရက်က ဒီပဲယင်းမြို့နယ်၊ကုန်းကြီးရွာ၊ အုန်းခါးရွာ၊ မရကန်ရွာများ၏ အနီးတွင်လည်းကောင်း စစ်အုပ်စုနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်အုပ်စုအထိအခိုက်များကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook