Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် စစ်အုပ်စု ကမ္ဘာ့ဖလားဗိုလ်လုပွဲကြည့်နေချိန် တပ်စွဲရာနေရာလေးခုကို ပစ်ခတ်တိုက်ခိုက်

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် နီးစပ်ရာနေရာများသို့ သွားလာလှုပ်ရှားမှုများ မပြုလုပ်ကြရန်လည်း MRAက မေတ္တာရပ်ခံသည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် MRA ရဲဘော်များ)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် MRA ရဲဘော်များ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်အုပ်စု ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကြည့်နေချိန် ရဲစခန်းအပါအဝင် စစ်အုပ်စုတပ်စွဲရာ နေရာ လေးခုကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ် MRAအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၈ ရက်) ည ၉ နာရီခွဲခန့်က မြောင်မြို့ပေါ်ရှိ စစ်ကောင်စီအုပ်စု တပ်စွဲရာ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာနှင့် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်နေသည့် နေရာများသို့ MRAက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအား အားပေးနေကြမည့်အခြေအနေကို အခွင့်ကောင်းယူ၍ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ အထိအခိုက်အကျအဆုံး အများအပြားရှိသည်ဟု သိရပြီး အသေးစိတ်ထပ်မံစုံစမ်းနေကြောင်း MRA အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“မြို့ထဲထိဝင်ပြီး အနီးကပ် ပစ်ခဲ့တာပါ။ အပြန်အလှန် ပစ်ခတ်ခဲ့တာ ၃၀မိနစ်ခန့် ကြာခဲ့ပါတယ်။ ဒီ Missionကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲရက်မှာ သေချာသတ်မှတ်ပြီး ကျွန်တော်တို့ Plan (အစီအစဥ်)တွေချခဲ့ပါတယ် ။ သေချာပေါက် ကြည့်နေတာပေါ့ဗျာ။အလစ်အငိုက်ပါပဲ။ နောင်လည်း ခုလို Mission(စစ်ဆင်​ရေး)တွေ လုပ်သွားအုံးမှာပါပဲ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း(၅)-MRA နှင့်မြောင်မြို့နယ် ပ.က.ဖ၊ မန္တလေးခရိုင်တပ်ရင်း(၆)-MNPDF၊မုံရွာခရိုင်တပ်ရင်း(၁၂) တပ်ခွဲ(၃)၊ မြင်းခြံခရိုင်တပ်ရင်း(၆) တပ်ခွဲ(၁)-NYSGF၊ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် နီးစပ်ရာနေရာများသို့ သွားလာလှုပ်ရှားမှုများ မပြုလုပ်ကြရန်လည်း MRAက မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။