Connect with us

Hi, what are you looking for?

သတင်း

မန္တလေး မောသစ်ရွှေဆိုင်ပိုင်ရှင်နေအိမ်ကနေ ဆိုင်အသွား အိမ်ရှေ့မှာတင်ဓားပြတိုက်ခံရ

ဒီနေ့မနက်ပိုင်းဆိုင်ဖွင့်ဖို့အသွား နေအိမ်ကနေ အထွက်မှာပဲ အသင့် စောင့်နေတဲ့ ဆိုင်ကယ်စီး လူ ၂ ဦးက ရွှေထည့်ထားတဲ့ ခြင်းတောင်း ၂ တောင်းကို ဓားပြတိုက်လုယက်သွားတာလို့ မန္တလေး ရဲတပ်ဖွဲ့နဲ့နီးစပ်သူက ရရှိ တဲ့အချက်အလက်ကိုပြောပြပါတယ်။

မန္တလေး မောသစ်ရွှေဆိုင်ပိုင်ရှင်နေအိမ်ကနေ ဆိုင်အသွား အိမ်ရှေ့မှာတင်ဓားပြတိုက်ခံရ
မန္တလေး မောသစ်ရွှေဆိုင်ပိုင်ရှင်နေအိမ်ကနေ ဆိုင်အသွား အိမ်ရှေ့မှာတင်ဓားပြတိုက်ခံရ

မန္တလေးမြို့ ၊ပြည်ကြီးတံခွန်မြို့နယ်ထဲက မောသစ်ရွှေဆိုင်ပိုင်ရှင် နေအိမ် ကနေ ဆိုင်အသွား အိမ် ရှေ့မှာ ဒီနေ့မနက်ပိုင်း ၇ နာရီ ခန့်က ဓားပြတိုက်ခံလိုက်ရတယ်လို့ စစ်အုပ်စု လက်အောက်ခံ မန္တလေး ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးထံကသိရပါတယ်။

ဒီနေ့မနက်ပိုင်းဆိုင်ဖွင့်ဖို့အသွား နေအိမ်ကနေ အထွက်မှာပဲ အသင့် စောင့်နေတဲ့ ဆိုင်ကယ်စီး လူ ၂ ဦးက ရွှေထည့်ထားတဲ့ ခြင်းတောင်း ၂ တောင်းကို ဓားပြတိုက်လုယက်သွားတာလို့ မန္တလေး ရဲတပ်ဖွဲ့နဲ့နီးစပ်သူက ရရှိ တဲ့အချက်အလက်ကိုပြောပြပါတယ်။

Public Service Announcement
Public Service Announcement

ပါသွားတဲ့ ခြင်းတောင်းထဲက ရွှေပမာဏကိုတော့မသိရသေးပါဘူး။

မောသစ်ရွှေဆိုင်ဟာ မန္တလေး ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေထဲမှာ ရွှေဆိုင်ဖွင့်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ဖြစ်စဉ်ပါရင် အာဏာသိမ်းပြီးနောက် မောသစ်ရွှေဆိုင်ဟာ ၃ ကြိမ်မြောက် ဓားပြတိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။

မောသစ်ရွှေဆိုင်တွေဟာ ၂၀၂၁ ခုနှစ်အောက်တိုဘာလအတွင်းနဲ့ ပြီးခဲ့တဲ့ဇူလိုင်လတွေအတွင်းဓားပြတိုက်ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook