Connect with us

Hi, what are you looking for?

သတင်း

ချယ်ရီကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှု ၎င်းတို့နှင့်လုံးဝ မသက်ဆိုင်ဟု NUG ထုတ်ပြန်

ဒီဇင်ဘာ ၁၈ ရက်က ထိခိုက်ဒဏ်ရာရသူများအားလုံး အမြန်ဆုံး သက်သာရာရပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆုမွန်ကောင်းတောင်းနေသလို ဘေးဒဏ်သင့်ရသူများ၏ မိသားစုများနှင့် ထပ်တူရှိနေပါကြောင်းလည်း ဖော်ပြထားသည်။

ချယ်ရီကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှု ၎င်းတို့နှင့်လုံးဝ မသက်ဆိုင်ဟု NUG ထုတ်ပြန်
ချယ်ရီကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှု ၎င်းတို့နှင့်လုံးဝ မသက်ဆိုင်ဟု NUG ထုတ်ပြန်

ကျူးလွန်သူများကို ဖော်ထုတ်အရေးယူနိုင်ရေး ပြည်သူလူထုနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု အသိပေး

ရန်ကုန် – ဒလ ကူးတို့သင်္ဘောပေါ် ဗုံးပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရခဲ့သည့် အရပ်သား ပြည်သူလူထုအတွက် ဝမ်းနည်းကြေကွဲစိတ်ထိခိုက်ရပြီး အဆိုပါ အကြမ်းဖက်လုပ်ရပ်မှာ ၎င်းတို့နှင့်လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၈ ရက်က ထိခိုက်ဒဏ်ရာရသူများအားလုံး အမြန်ဆုံး သက်သာရာရပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆုမွန်ကောင်းတောင်းနေသလို ဘေးဒဏ်သင့်ရသူများ၏ မိသားစုများနှင့် ထပ်တူရှိနေပါကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါ အကြမ်းဖက်လုပ်ရပ်ကို အပြင်းထန်ဆုံး စကားလုံးများဖြင့် ပြစ်တင်ရှုတ်ချသည်နှင့် တချိန်တည်းမှာပင် အမှန်တကယ် ကျူးလွန်သူများကို ဖော်ထုတ်အရေးယူနိုင်ရေး ပြည်သူလူထုနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟုလည်း ထပ်မံ အသိပေးထားသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများ လိုက်နာရမည့် စစ်သည်တော်ကျင့်ဝတ်များ ချမှတ်ထားပြီးစစ်ရေးဆိုင်ရာ ပစ်မှတ်သတ်မှတ်ချက်တွင်လဲ အရပ်သားပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုရဟု တရားဝင် ပြဌာန်းထားပြီးဖြစ်သည်ဟု ‌ပါရျိသည်။

Public Service Announcement

Public Service Announcement

အရပ်သားလူထု ဘေးအန္တရာယ် ထိခိုက်စေနိုင်သည့် အခြေအနေရှိပါက အကြမ်းဖက်စစ်ကောင်စီကိုတိုက်ခိုက်ရေး စီစဉ်ထားသည့် လုပ်ငန်းများကိုပင် ပယ်ဖျက်ခဲ့ဖူးသည့်သာဓက အမြောက်အများရှိပြီးဖြစ်သည်ဟု အသိပေးထားသည်။

ထို့အပြင် စစ်အာဏာရှင်တို့သည် ယင်းတို့အာဏာ တည်မြဲရေးအတွက် ပြည်သူလူထု၏စိတ်သဏ္ဍာန်တွင် အကြောက်တရားနှင့် စိုးရိမ်ထိတ်လန့်မှုများ အဆက်မပြတ် ဖြစ်ပေါ်နေစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် အတိတ်ဖြစ်ရပ်များစွာ သာဓကအနေဖြင့် ရှိခဲ့ပြီးဟု ဆိုသည်။

ဆက်လက်လုပ်ဆောင်ရန်လဲ ဝန်မလေးကြောင်း လက်ရှိအကြမ်းဖက်စစ်အုပ်စုက သက်သေပြပြီး ဖြစ်၍ ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ ဝမ်းနည်းဖွယ်ဖြစ်ရပ်မျိုးကို ရှောင်ရှားနိုင်ရေး မပြတ်သောသတိဖြင့် နေထိုင်လုပ်ကိုင်ကြပါရန် တိုက်တွန်းထားသည်။

ဒီဇင်ဘာ ၁၈ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းမှ ဒလမြို့နယ်ဘက်သို့ ကူးသန်းပြေးဆွဲသည့် ချယ်ရီကူးတို့ သင်္ဘောပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ပြည်သူ ၁၇ဦး ထိထိုက်ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook