Connect with us

Hi, what are you looking for?

သတင်း

ပုသိမ် – မုံရွာလမ်းတလျှောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီးမြို့နယ်တွင် ဒီဇင်ဘာ ၁၈ရက် နံနက် ၉နာရီက ဘီယာဆိုင်လာသည့် ရဲ ငါးဦး ပစ်ခတ်တိုက်ခိုက်ခံရပြီး လေးဦးပွဲချင်းပြီး သေဆုံးခဲ့သည်။

(ယနေ့ နံနက်အစောပိုင်းက ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ။ ဓာတ်ပုံ-Cj)
(ယနေ့ နံနက်အစောပိုင်းက ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ။ ဓာတ်ပုံ-Cj)

▪︎အာဏာသိမ်းဒု​ခေါင်း​ဆောင် စိုးဝင်းလာမည်ဟုသတင်းထွက်​နေ

စစ်ကိုင်းတိုင်း၊ ပုသိမ် – မုံရွာလမ်းတလျှောက်တွင် စစ်ကောင်စီတပ်များ ရောက်ရှိနေ၍ ကျေးရွာအများအပြားမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၁ ရက်) နံနက် ၄ နာရီခွဲခန့်ကစ၍ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်၊ ပုသိမ် – မုံရွာလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်က အင်အားအများချထား၍ လမ်းဘေးဝဲယာကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်ရှောင်နေရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒုစစ်ခေါင်းဆောင် စိုး၀င်း တရုတ်၀မ်ပေါင်ကုမ္ပဏီသို့လာရောက်၍ စစ်ကောင်စီအင်အားအများအပြား ချထားခြင်းဖြစ်သည်ဟု သိရကြောင်း ‌ National Revolutionary Guards အဖွဲ့က ပြောသည်။

(ယနေ့ နံနက်အစောပိုင်းက ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ။ ဓာတ်ပုံ-Cj)
(ယနေ့ နံနက်အစောပိုင်းက ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ။ ဓာတ်ပုံ-Cj)

“စိုး၀င်း (အာဏာသိမ်းဒု​ခေါင်း​ဆောင်)လာတယ်ပြောတာပဲ။ မနက်လေးနာရီခွဲလောက်ထဲက ကင်းတွေလာချပြီး ခဏနေတော့ ကားတန်းကြီးက ၀မ်ပေါင်ဆီဦးတည်မောင်း လာကြတာ။ မီးတန်းကြီးမှ အရှည်ကြီး။ မှောင်ရည်မပြယ်ခင်ဆိုတော့ မီးနဲ့ ကားသံကိုသာ မြင်ရကြားရတယ်။ ပြည်သူတွေလည်း ကြောက်လန့်တကြားနဲ့ ချမ်းချမ်းစီးစီးအစောကြီး ထပြေးကြရတာ။ ခုတော့ ဖောင်းကားမြောက်ရွာမှာ တပ်စွဲထားတယ်ကြားတယ်။”ဟု National Revolutionary Guards အဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(ယနေ့ နံနက်အစောပိုင်းက ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ။ ဓာတ်ပုံ-Cj)
(ယနေ့ နံနက်အစောပိုင်းက ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ။ ဓာတ်ပုံ-Cj)

ထို့ကြောင့် ခရီးသွားပြည်သူများအနေဖြင့် သတိပေး ချက် ထုတ်ပြန်သည့်အချိန်မှစ၍ နောက်ထပ် တစ်စုံတစ်ရာ မထုတ်ပြန်မ​ချင်း ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်တို့ရှိ ပုသိမ်-မုံရွာ လမ်းတစ်လျှောက် မြန်မာ၀မ်ပေါင်လမ်းဆုံ (၅/၁ လမ်းဆုံ) မှ ရွှေတောင်ဦးကုန်းအထိ ဖြတ်သန်းသွားလာခြင်း မပြုကြရန် ‌ National Revolutionary Guards အဖွဲ့က အသိပေးကြေညာထားသည်။

Public Service Announcement
Public Service Announcement

ဆားလင်းကြီးမြို့နယ်တွင် ဒီဇင်ဘာ ၁၈ရက် နံနက် ၉နာရီက ဘီယာဆိုင်လာသည့် ရဲ ငါးဦး ပစ်ခတ်တိုက်ခိုက်ခံရပြီး လေးဦးပွဲချင်းပြီး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။