Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရေယာဥ်တစ်စီး ကလေးဝမြို့မှ ချင်းတွင်းမြစ် အောက်ဘက်သို့ ပြန်ဆင်းလာသဖြင့် မြစ်ရိုးတစ် လျှောက်ရှိ ဒေသခံပြည်သူများ သတိပြုသွားလာကြရန် ကျောက်လုံးကြီး PDF သတိပေး

ယမန်နေ့ကစ၍ စစ်ရေယာဉ်သင်္ဘောတစ်စီး သည် ကလေးဝမြို့မှစတင်စုန်ဆင်လာခဲ့ပြီးနောက် မင်းကင်းမြို့နယ် ပန်းဆက် ပျူစောထီးရွာတွင် ညအိပ်စခန်းချခဲ့သည်ဟု ဆိုသည်။

မုံရွာမြို့သို့ ပြန်ဆင်းလာနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘာတစ်စင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ ချင်းတွင်းချစ်သူ
မုံရွာမြို့သို့ ပြန်ဆင်းလာနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘာတစ်စင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ ချင်းတွင်းချစ်သူ

အာဏာသိမ်းစစ်ကောင်စီ၏ စစ်ရေယာဥ်တစ်စီး ကလေးဝမြို့မှ ချင်းတွင်းမြစ်အောက်ဘက်သို့ ပြန်ဆင်းလာနေသဖြင့် မြစ်ရိုးတစ်လျှောက်ရှိ ဒေသခံပြည်သူများ သတိပြုသွားလာကြရန် ကျောက်လုံးကြီး KLG PDFက ယနေ့(သြဂုတ် ၁၃ ရက်) ထုတ်ပြန်သည်။

ယမန်နေ့ကစ၍ စစ်ရေယာဉ်သင်္ဘောတစ်စီး သည် ကလေးဝမြို့မှစတင်စုန်ဆင်လာခဲ့ပြီးနောက် မင်းကင်းမြို့နယ် ပန်းဆက် ပျူစောထီးရွာတွင် ညအိပ်စခန်းချခဲ့သည်ဟု ဆိုသည်။

“ဒီစစ်သင်္ဘောက အရင်လကတည်းက စခတွေရဲ့ လက်နက်ခဲယမ်း ရိက္ခာတွေကို လုံခြုံရေးယူခဲ့တာ။အခုက မုံရွာအထိ ကိုပြန်ဆင်းမယ်လို့ သိထားရတယ်”ဟု KLG PDF က လူထုနွေဦးသို့ ပြောသည်။

စစ်ကိုင်းအထက်ပိုင်းရှိ ခန္တီး၊ ဟုမ္မလင်းမြို့သို့ စစ်လက်နက်ရိက္ခာဖြည့်တင်ရန် အကြမ်းဖက်စစ်ကောင်စီက ချင်းတွင်းမြစ်ကြောင်းကို ဇူလိုင် ၁၈ ရက်ကစ၍ သုံးစွဲခဲ့ပြီး စစ်ရေယာဥ်များကိုပါ အင်အား ဖြည့်တင်းခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင် ၁၈ ရက်ကစ၍ ၂၀ ရ​က်အထိ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်မှသေဆုံးသူ ဆယ်ဂ ဏန်းအထက်ရှိခဲ့ပြီး သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားရုပ်အလောင်းတစ်ခုမှာ ချင်းတွင်းမြစ် ကြောင်း၌ မျောပါသည်ကိုတွေ့ရှိခဲ့ရသည်။

ထို့နောက် စစ်ရေယာဥ်အုပ်စုကို အကာအကွယ်ပေးရန် စစ်ကောင်စီတပ်က ကုန်းကြောင်းစစ် ကြောင်းတစ်ခုပါ အသုံးပြုခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။