Connect with us

Hi, what are you looking for?

သတင်း

စစ်ရေယာဥ်တစ်စီး ကလေးဝမြို့မှ ချင်းတွင်းမြစ် အောက်ဘက်သို့ ပြန်ဆင်းလာသဖြင့် မြစ်ရိုးတစ် လျှောက်ရှိ ဒေသခံပြည်သူများ သတိပြုသွားလာကြရန် ကျောက်လုံးကြီး PDF သတိပေး

ယမန်နေ့ကစ၍ စစ်ရေယာဉ်သင်္ဘောတစ်စီး သည် ကလေးဝမြို့မှစတင်စုန်ဆင်လာခဲ့ပြီးနောက် မင်းကင်းမြို့နယ် ပန်းဆက် ပျူစောထီးရွာတွင် ညအိပ်စခန်းချခဲ့သည်ဟု ဆိုသည်။

မုံရွာမြို့သို့ ပြန်ဆင်းလာနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘာတစ်စင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ ချင်းတွင်းချစ်သူ
မုံရွာမြို့သို့ ပြန်ဆင်းလာနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘာတစ်စင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ ချင်းတွင်းချစ်သူ

အာဏာသိမ်းစစ်ကောင်စီ၏ စစ်ရေယာဥ်တစ်စီး ကလေးဝမြို့မှ ချင်းတွင်းမြစ်အောက်ဘက်သို့ ပြန်ဆင်းလာနေသဖြင့် မြစ်ရိုးတစ်လျှောက်ရှိ ဒေသခံပြည်သူများ သတိပြုသွားလာကြရန် ကျောက်လုံးကြီး KLG PDFက ယနေ့(သြဂုတ် ၁၃ ရက်) ထုတ်ပြန်သည်။

ယမန်နေ့ကစ၍ စစ်ရေယာဉ်သင်္ဘောတစ်စီး သည် ကလေးဝမြို့မှစတင်စုန်ဆင်လာခဲ့ပြီးနောက် မင်းကင်းမြို့နယ် ပန်းဆက် ပျူစောထီးရွာတွင် ညအိပ်စခန်းချခဲ့သည်ဟု ဆိုသည်။

“ဒီစစ်သင်္ဘောက အရင်လကတည်းက စခတွေရဲ့ လက်နက်ခဲယမ်း ရိက္ခာတွေကို လုံခြုံရေးယူခဲ့တာ။အခုက မုံရွာအထိ ကိုပြန်ဆင်းမယ်လို့ သိထားရတယ်”ဟု KLG PDF က လူထုနွေဦးသို့ ပြောသည်။

စစ်ကိုင်းအထက်ပိုင်းရှိ ခန္တီး၊ ဟုမ္မလင်းမြို့သို့ စစ်လက်နက်ရိက္ခာဖြည့်တင်ရန် အကြမ်းဖက်စစ်ကောင်စီက ချင်းတွင်းမြစ်ကြောင်းကို ဇူလိုင် ၁၈ ရက်ကစ၍ သုံးစွဲခဲ့ပြီး စစ်ရေယာဥ်များကိုပါ အင်အား ဖြည့်တင်းခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင် ၁၈ ရက်ကစ၍ ၂၀ ရ​က်အထိ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်မှသေဆုံးသူ ဆယ်ဂ ဏန်းအထက်ရှိခဲ့ပြီး သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားရုပ်အလောင်းတစ်ခုမှာ ချင်းတွင်းမြစ် ကြောင်း၌ မျောပါသည်ကိုတွေ့ရှိခဲ့ရသည်။

ထို့နောက် စစ်ရေယာဥ်အုပ်စုကို အကာအကွယ်ပေးရန် စစ်ကောင်စီတပ်က ကုန်းကြောင်းစစ် ကြောင်းတစ်ခုပါ အသုံးပြုခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။