Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူတွင် စစ်ကောင်စီတပ်က အရပ်သားငါးဦးကို လူသားဒိုင်းအဖြစ်ဖမ်းပြီး သုံးဦးကို သတ်ဖြတ်၊ အမျိုးသမီး နှစ်ဦးပျောက်နေဟုဆို

ဖမ်းဆီးခံထားရသည့် အမျိုးသမီးနှစ်ဦးကိုမူ ယခုအချိန်အထိပြန်လည်မတွေ့ရှိရသေးကြောင်း မြေပြင်သတင်းပေးပို့မှုများအရ သိရသည်ဟု ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ဖော်ပြသည်။

စစ်ကောင်စီတပ်က ကျေးရွာအား မီးရှို့ဖျက်ဆီးထားစဉ်နှင့် အမျိုးသားသုံးဦးအား မီးရှို့ပြီးနောက် တွေ့ရသော ပြာပုံအရိုးစုများ၊ ဓာတ်ပုံ - ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
စစ်ကောင်စီတပ်က ကျေးရွာအား မီးရှို့ဖျက်ဆီးထားစဉ်နှင့် အမျိုးသားသုံးဦးအား မီးရှို့ပြီးနောက် တွေ့ရသော ပြာပုံအရိုးစုများ၊ ဓာတ်ပုံ - ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဂါးဘလော်ကျေးရွာသို့ ဝင်ရောက်အကြမ်းဖက်မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သည် ဒေသခံပြည်သူ ငါးဦးကို ဖမ်းဆီးသွားပြီး ယင်းအနက် သုံးဦးကို သတ်ဖြတ်သွားကြောင်း ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၇ရက်က ဂါးဂလော်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၃၆၈ )နှင့် ပျူစောထီးများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်၍ ဘုန်းကြီးကျောင်းနှင့် ကျေးလက်ဆေးပေးခန်းပါ မကျန် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

အင်အား ၁၂၀ခန့်ပါ စစ်ကောင်စီပူးပေါင်းစစ် ကြောင်းသည် အိမ်ခြေ ၁၀၀ခန့်ရှိ ဂါးဂလော်ကျေးရွာအား မီးရှို့ခဲ့ရာ ဘုန်းကြီးကျောင်း၊ ကျေးလက်ဆေးပေးခန်းနှင့် ပြည်သူပိုင်နေအိမ် ၂၃ လုံးအား မီးရှို့ဖျက်ဆီး ခဲ့သည့်အပြင် ဒေသခံ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည်ဟု ဖော်ပြသည်။

ထို့နောက် အမျိုးသားတစ်ဦးအား ရက်စက်စွာ ညှင်းပန်းနှိပ်စက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ရကာ ကျန်အမျိုးသားနှစ်ဦးကိုမူ မီးရှို့သတ်ဖြတ်ထားသည်ဟု ခန့်မှန်းရသည့် မီးလောင်ပြာကျ အရိုးစုနှစ်ခုအဖြစ်သာ ပြန်လည် တွေ့ရှိခဲ့ရသည်ဟု အသိပေး ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ကျေးရွာအား မီးရှို့ဖျက်ဆီးထားစဉ်နှင့် အမျိုးသားသုံးဦးအား မီးရှို့ပြီးနောက် တွေ့ရသော ပြာပုံအရိုးစုများ၊ ဓာတ်ပုံ - ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
စစ်ကောင်စီတပ်က ကျေးရွာအား မီးရှို့ဖျက်ဆီးထားစဉ်နှင့် အမျိုးသားသုံးဦးအား မီးရှို့ပြီးနောက် တွေ့ရသော ပြာပုံအရိုးစုများ၊ ဓာတ်ပုံ – ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

ဖမ်းဆီးခံထားရသည့် အမျိုးသမီးနှစ်ဦးကိုမူ ယခုအချိန်အထိပြန်လည်မတွေ့ရှိရသေးကြောင်း မြေပြင်သတင်းပေးပို့မှုများအရ သိရသည်ဟု ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ဖော်ပြသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီး စစ်ကြောင်းသည် လွှဲဆိပ်၊ လက်ခုပ်ကုန်းနှင့် ဘောရွာတို့အား အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများကျူးလွန်ခဲ့သည့် စစ်ကြောင်း ဖြစ်သည်ဟု အသိပေးထားသည်။

စစ်ကောင်စီတပ်များသည် ကျွန်းလှနှင့် ကန့်ဘလူမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းရှိ မြို့နယ်များမှ ကျေးရွာများကို လိုက်လံမီးရှို့မှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အပြင် ဒေသခံ ပြည်သူများကို သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။