Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးကူညီရန် ထည့်သွင်းရေးဆွဲသည့် NDAA ကို သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးပြီ

“မြန်မာပြည်သူများအတွက် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ခရစ္စမတ်လက်ဆောင်ပါ”ဟု မြန်မာ့အရေးလေ့လာသူ ဒေါက်တာမီမီဝင်းဘတ်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားသည်။

မြန်မာ့အရေးကူညီရန် ထည့်သွင်းရေးဆွဲသည့် NDAA ကို သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးပြီ
မြန်မာ့အရေးကူညီရန် ထည့်သွင်းရေးဆွဲသည့် NDAA ကို သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးပြီ

မြန်မာစစ်အုပ်စုကို ပိုမိုဖိအားပေးရန်၊ မြန်မာ့ဒီမိုကရေစီအရေးကို ပံ့ပိုးရန် အချက်များ သီးသန့်ရေးဆွဲထားသော Burma Act ပါရှိသည့် အမေရိကန် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA)ကို သမ္မတဂျိုးဘိုင်ဒန်က ယမန်နေ့တွင် လက်မှတ်ရေးထိုးလိုက်ပြီဟု အိမ်ဖြူတော်က ကြေညာသည်။

“မြန်မာပြည်သူများအတွက် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ခရစ္စမတ်လက်ဆောင်ပါ”ဟု မြန်မာ့အရေးလေ့လာသူ ဒေါက်တာမီမီဝင်းဘတ်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားသည်။

အမေရိကန်အောက်လွှတ်တော်တွင် စတင်အတည်ပြုခဲ့ပြီး ရက်ပိုင်းအကြာတွင် အထက်လွှတ်တော်၏ ဆက်လက်အတည်ပြုချက်ရရှိခဲ့သော NDAA ကို သမ္မတ ဂျိုးဘိုင်ဒန်က ယခု လက်မှတ်ရေးထိုးလိုက်သဖြင့် ယင်းဥပဒေမှာ စတင်အသက်ဝင်လာပြီဖြစ်သည်။

NDAA ဥပဒေသည် မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးပါပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် စစ်ကောင်စီကို ဆန့်ကျင်နေသော NUG၊ NUCC၊ CRPH၊ CDM နှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံး၏ ရုန်းကန်မှုအတွက် အမေရိကန်၏ ကူညီထောက်ပံ့ရေး မူဝါဒကို ထည့်သွင်းပါရှိသည်။

Public Service Announcement

Public Service Announcement

NDAA သည် စစ်ကောင်စီ၊ ခရိုနီများနှင့် စွမ်းအင်ကဏ္ဍ၊ ယင်းနှင့်ဆက်စပ်သော စီးပွါးရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတိုးချဲ့ပြုလုပ်နိုင်မည့် အခွင့်အာဏာပေးထားသည်။

ထို့အပြင် မြန်မာပြည်၏ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ဒီမိုကရေစီရေးလှုပ်ရှားသည့်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ကြားတွင်သော်လည်းကောင်း၊ နိုင်ငံတကာအကူအညီပေးရေးလုပ်ငန်းများတွင်သော်လည်းကောင်း ဆက်သွယ်ရေး၊ အမိန့်ပေးထိန်းချုပ်ကွပ်ကဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာလာစေရန် နည်းပညာနှင့် လက်နက်မဟုတ်သော အထောက်အပံ့များပေးရန် အချက်လည်း ထည့်သွင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ QUAD ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခု ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

သူတက်ရောက်မယ့် ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူရွေးချယ်ထားတဲ့ ဘဝမှာ စွန့်စားရတာ၊ အန္တရာယ် ကြုံတာတွေ ရှိနိုင်တာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။