Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ် ​တောင်ရွာအားမီးရှို့စဥ် စစ်ကောင်စီတပ်က CDM ဆရာမ၏ ဖခင်ကိုပါ မီးရှို့သတ်သွား

စစ်ကောင်စီတပ်သည် ဖောင်းကွဲကျေးရွာမှ ပြည်သူ လေးဦးကိုလည်း သတ်ဖြတ်သွားရာ စိတ်ကျန်းမာရေးမကောင်းသူလည်းပါဝင်ကြောင်း ဒေသခံများက ပြောသည်။

မီးရှို့ဖျက်ဆီးခံရပြီးနောက်တွေ့ရသည့် တောင်ရွာကျေးရွာ၊ ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်
မီးရှို့ဖျက်ဆီးခံရပြီးနောက်တွေ့ရသည့် တောင်ရွာကျေးရွာ၊ ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်

▪️ဖောင်းကွဲရွာ ပြည်သူလေးဦးလည်း သတ်ဖြတ်ခံရ

▪️အဆိုပါ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် အီနာဂါချတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ် က တောင်ရွာကျေးရွာကို မီးရှို့ဖျက်ဆီးရာ CDM ကျောင်းဆရာမ၏ အသက်(၈၀) ကျော်အရွယ် ဖခင်ကိုပါ မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ် ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မြိုင်မြို့နယ်အရှေ့တောင်ပိုင်းရှိ တောင်ရွာကျေးရွာတွင် နေအိမ်ပေါင်း ၄၅လုံး မီးလောင်ပျက်စီးခဲ့ရပြီးအသက် (၈၆)နှစ်ခန့် အမျိုးသားတစ်ဦးမီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မီးရှို့ဖျက်ဆီးခံရပြီးနောက်တွေ့ရသည့် တောင်ရွာကျေးရွာ၊ ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်
မီးရှို့ဖျက်ဆီးခံရပြီးနောက်တွေ့ရသည့် တောင်ရွာကျေးရွာ၊ ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်

“တောင်ရွာက CDM ကျောင်းဆရာမရဲ့အဖေ အသက်၈၆ နှစ်ရှိတာကို မီးရှို့တာထဲမှာထည့်သွားတယ်။”ဟု မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။

ထို့အပြင် ကားနှင့် ဆိုင်ကယ်များ၊ မြေပဲတင်း ၃၀၊စပါးတင်း ၅၀၊နှမ်းတင်း ၄၀ လည်းမီးထဲပါသွားကြောင်း နွေဦးတော်လှန်ရေး(မြိုင်)က အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ဖောင်းကွဲကျေးရွာမှ ပြည်သူ လေးဦးကိုလည်း သတ်ဖြတ်သွားရာ စိတ်ကျန်းမာရေးမကောင်းသူလည်းပါဝင်ကြောင်း ဒေသခံများက ပြောသည်။

တောင်ရွာမီးရှို့ခံရမှုတွင် နေအိမ်များအပြင် ဆိတ်အကောင်ရေ ၅၀မှ ၆၀ကြား မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုကဲ့သို့ မီးရှို့လူသတ်နေသော စစ်ကောင်စီတပ်ကို ဖောင်းကွဲရွာမှထွက်လာစဥ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ) အဖွဲ့က အသိပေးထားသည်။

စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် အီနာဂါချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့​ခေါင်းဆောင် ကိုလကျ်ာက ​ပြောကြားသည်။

ဒီဇင်ဘာ ၂၃ ရက်နံနက် ၈ နာရီခွဲခန့်က ဖောင်းကွဲကျေးရွာမှ ဒေသခံပြည်သူများအား သတ်ပြီးထွက်လာသည့် စစ်ကောင်စီတပ်အား ပခုက္ကူသူရိန်အဖွဲ့နှင့်အတူ ဒရုန်းဖြင့်အီနာဂါ ၂၂လုံးချတိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလကျ်ာက ​ပြောသည်။

“ဖောင်းကွဲရွာအရှေ့တောင်ဘက်မှာ ဒီကောင်တွေပြန်တဲ့အချိန်မှာ ဒရုန်းနဲ့လိုက်ချတာ။ ၊ ၅ ယောက်လောက်ကျပြီး ခုနစ်ယောက်လောက် ဒဏ်ရာရတယ်ပြောတယ်။ ခုနစ်ယောက်ထပ်လည်းပိုနိုင်တာပေါ့။”ဟု ကိုလကျ်ာက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။