Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို ဖိအားပေးပြီး စစ်ကောင်စီ ယာယီပိတ်ခိုင်း

CDM ဆရာဝန်တွေ ၊သူနာပြုတွေ ၊ ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးမှာ ပဲ စစ်ကောင်စီတပ်ဟာ ဆေးခန်းပိုင်ရှင်ကိုဖမ်းပြီးဆေးခန်းကို ချိတ်ပိတ်တာတွေလည်းလုပ်ခဲ့ပါတယ်။

မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို ဖိအားပေးပြီး စစ်ကောင်စီ ယာယီပိတ်ခိုင်း
မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို ဖိအားပေးပြီး စစ်ကောင်စီ ယာယီပိတ်ခိုင်း

မန္တလေးမြို့ က လူသိများတဲ့ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို စစ်ကောင်စီက ဖိအားပေးပြီး ဒီဇင်ဘာလ ကုန်ပိုင်းမှာ ယာယီပိတ်ခိုင်းထားတယ်လို့ စုံစမ်းသိရပါတယ်။

ယာယီပိတ်ခိုင်းတဲ့ ဆေးရုံတွေဟာ နန်းတော် ၊မြို့တော် ၊ကံ့ကော်၊ထက်နေလင်းနဲ့စိန်ပန်း ပုဂ္ဂလိက ဆေးရုံတွေဖြစ်ပြီး လာမယ့် စနေနေ့ (ဒီဇင်ဘာလ ၃၁ )ပိတ်ဖို့ စစ်ကောင်စီဘက်က ညွှန်ကြားထားတာပါ။

အဲဒီဆေးရုံတွေကိုမေးမြန်းစုံစမ်းချက်အရလည်း ဒီဇင်ဘာ လ ၃၁ ရက်မတိုင်ခင်အထိ လူနာလက်ခံပေ မယ့်အဲဒီနောက်ပိုင်းတော့ လူနာလက်မခံတော့ဘူးလို့ ဖြေကြားပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို ဖိအားပေးပြီး စစ်ကောင်စီ ယာယီပိတ်ခိုင်း
မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို ဖိအားပေးပြီး စစ်ကောင်စီ ယာယီပိတ်ခိုင်း

ဆေးရုံတက်ဖို့သွားရောက်စုံစမ်းတဲ့ လူနာရှင် တစ်ဦးရဲ့ပြောပြချက်အရ လူနာအသစ် ပြန်လည်လက်ခံမယ့်ရက်ကို ဆေးရုံဘက်က အတိအကျ ပြောပြနိုင်တာမရှိသေးဘူးလို့သိရပါတယ်။

ဒီလို ပုဂ္ဂလိဆေးရုံတွေကို ယာယီပိတ်ခိုင်းတာဟာ ပြီးခဲ့တဲ့ ခရစ္စမတ် ဒီဇင်ဘာလ ၂၅ ရက်မှာ မန္တလေး ဆေးတက္ကသိုလ်ရဲ့ CDM ပါမောက္ခ ဒေါက်တာဝင်းခိုင်ကို သိပ္ပံလမ်းပေါ်မှာရှိတဲ့ နန်းတော် ပုဂ္ဂလိကဆေးရုံမှာ ဖမ်းဆီးပြီးနောက် ထွက်ပေါ်လာတာပါ။

ဒေါက်တာဝင်းခိုင်ကို စစ်ကောင်စီတပ်ဖွဲ့က လူနာဟန်ဆောင်ပြီး ဝင်ဖမ်းသွားတာလို့ စုံစမ်းသိရပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းနောက် အကြမ်းမဖက် အာဏာဖီဆန်မှု (CDM ) မှာ ရှေ့တန်းက ဦးဆောင် ပါဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာပါ။

မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို ဖိအားပေးပြီး စစ်ကောင်စီ ယာယီပိတ်ခိုင်း
မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို ဖိအားပေးပြီး စစ်ကောင်စီ ယာယီပိတ်ခိုင်း

လောလောလတ်လတ်အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်း မန္တလေးမှာ သားဖွားမီးယပ်အထူးကု အမျိုးသမီး ဆရာဝန်ကြီး ၂ ဦးနဲ့ အထူးကုဆရာဝန်ကြီးတွေအပါအဝင် CDM သူနာပြု ဝန်ထမ်းတွေ ၃၀ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရပါတယ်။

ဒီလို ဖမ်းဆီးခံရသူတွေထဲပါတဲ့ PDF ကိုဆေးဝါးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ဖမ်းခံရတဲ့ CDM သူနာပြုဆရာမ ဒေါ်ပိုးသန္တာအောင်ဟာ စစ်ကြောရေးမှာ သေဆုံးခဲ့ရဆိုတဲ့သတင်းတွေလည်းကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။

CDM ဆရာဝန်တွေ ၊သူနာပြုတွေ ၊ ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးမှာ ပဲ စစ်ကောင်စီတပ်ဟာ ဆေးခန်းပိုင်ရှင်ကိုဖမ်းပြီးဆေးခန်းကို ချိတ်ပိတ်တာတွေလည်းလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာဆို CDM တွေကိုအလုပ်ပေးတယ်ဆိုပြီး သူရိယ ဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းကို အကြမ်းဖက် ဖမ်းဆီးပြီး ဆေးခန်းကိုလည်းချိတ်ပိတ်သွားခဲ့ပါတယ်။