Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို ဖိအားပေးပြီး စစ်ကောင်စီ ယာယီပိတ်ခိုင်း

CDM ဆရာဝန်တွေ ၊သူနာပြုတွေ ၊ ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးမှာ ပဲ စစ်ကောင်စီတပ်ဟာ ဆေးခန်းပိုင်ရှင်ကိုဖမ်းပြီးဆေးခန်းကို ချိတ်ပိတ်တာတွေလည်းလုပ်ခဲ့ပါတယ်။

မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို ဖိအားပေးပြီး စစ်ကောင်စီ ယာယီပိတ်ခိုင်း
မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို ဖိအားပေးပြီး စစ်ကောင်စီ ယာယီပိတ်ခိုင်း

မန္တလေးမြို့ က လူသိများတဲ့ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို စစ်ကောင်စီက ဖိအားပေးပြီး ဒီဇင်ဘာလ ကုန်ပိုင်းမှာ ယာယီပိတ်ခိုင်းထားတယ်လို့ စုံစမ်းသိရပါတယ်။

ယာယီပိတ်ခိုင်းတဲ့ ဆေးရုံတွေဟာ နန်းတော် ၊မြို့တော် ၊ကံ့ကော်၊ထက်နေလင်းနဲ့စိန်ပန်း ပုဂ္ဂလိက ဆေးရုံတွေဖြစ်ပြီး လာမယ့် စနေနေ့ (ဒီဇင်ဘာလ ၃၁ )ပိတ်ဖို့ စစ်ကောင်စီဘက်က ညွှန်ကြားထားတာပါ။

အဲဒီဆေးရုံတွေကိုမေးမြန်းစုံစမ်းချက်အရလည်း ဒီဇင်ဘာ လ ၃၁ ရက်မတိုင်ခင်အထိ လူနာလက်ခံပေ မယ့်အဲဒီနောက်ပိုင်းတော့ လူနာလက်မခံတော့ဘူးလို့ ဖြေကြားပါတယ်။

မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို ဖိအားပေးပြီး စစ်ကောင်စီ ယာယီပိတ်ခိုင်း
မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို ဖိအားပေးပြီး စစ်ကောင်စီ ယာယီပိတ်ခိုင်း

ဆေးရုံတက်ဖို့သွားရောက်စုံစမ်းတဲ့ လူနာရှင် တစ်ဦးရဲ့ပြောပြချက်အရ လူနာအသစ် ပြန်လည်လက်ခံမယ့်ရက်ကို ဆေးရုံဘက်က အတိအကျ ပြောပြနိုင်တာမရှိသေးဘူးလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ပုဂ္ဂလိဆေးရုံတွေကို ယာယီပိတ်ခိုင်းတာဟာ ပြီးခဲ့တဲ့ ခရစ္စမတ် ဒီဇင်ဘာလ ၂၅ ရက်မှာ မန္တလေး ဆေးတက္ကသိုလ်ရဲ့ CDM ပါမောက္ခ ဒေါက်တာဝင်းခိုင်ကို သိပ္ပံလမ်းပေါ်မှာရှိတဲ့ နန်းတော် ပုဂ္ဂလိကဆေးရုံမှာ ဖမ်းဆီးပြီးနောက် ထွက်ပေါ်လာတာပါ။

ဒေါက်တာဝင်းခိုင်ကို စစ်ကောင်စီတပ်ဖွဲ့က လူနာဟန်ဆောင်ပြီး ဝင်ဖမ်းသွားတာလို့ စုံစမ်းသိရပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းနောက် အကြမ်းမဖက် အာဏာဖီဆန်မှု (CDM ) မှာ ရှေ့တန်းက ဦးဆောင် ပါဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာပါ။

မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို ဖိအားပေးပြီး စစ်ကောင်စီ ယာယီပိတ်ခိုင်း
မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို ဖိအားပေးပြီး စစ်ကောင်စီ ယာယီပိတ်ခိုင်း

လောလောလတ်လတ်အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်း မန္တလေးမှာ သားဖွားမီးယပ်အထူးကု အမျိုးသမီး ဆရာဝန်ကြီး ၂ ဦးနဲ့ အထူးကုဆရာဝန်ကြီးတွေအပါအဝင် CDM သူနာပြု ဝန်ထမ်းတွေ ၃၀ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရပါတယ်။

ဒီလို ဖမ်းဆီးခံရသူတွေထဲပါတဲ့ PDF ကိုဆေးဝါးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ဖမ်းခံရတဲ့ CDM သူနာပြုဆရာမ ဒေါ်ပိုးသန္တာအောင်ဟာ စစ်ကြောရေးမှာ သေဆုံးခဲ့ရဆိုတဲ့သတင်းတွေလည်းကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။

CDM ဆရာဝန်တွေ ၊သူနာပြုတွေ ၊ ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးမှာ ပဲ စစ်ကောင်စီတပ်ဟာ ဆေးခန်းပိုင်ရှင်ကိုဖမ်းပြီးဆေးခန်းကို ချိတ်ပိတ်တာတွေလည်းလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာဆို CDM တွေကိုအလုပ်ပေးတယ်ဆိုပြီး သူရိယ ဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းကို အကြမ်းဖက် ဖမ်းဆီးပြီး ဆေးခန်းကိုလည်းချိတ်ပိတ်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။