Connect with us

Hi, what are you looking for?

သတင်း

ရှေ့နေ ဒေါ်ရွက်နုအောင်ကို လာမယ့် ရုံးချိန်းမှာ အကြမ်းဖက်ပုဒ်မနဲ့ထောင်ချဖို့ရှိ

PDF ထောက်ပံ့ရေးလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ကို အိုးဘိုထောင် ရုံးချိန်းကအပြန်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

ရှေ့နေ ဒေါ်ရွက်နုအောင်ကို လာမယ့် ရုံးချိန်းမှာ အကြမ်းဖက်ပုဒ်မနဲ့ထောင်ချဖို့ရှိ
ရှေ့နေ ဒေါ်ရွက်နုအောင်ကို လာမယ့် ရုံးချိန်းမှာ အကြမ်းဖက်ပုဒ်မနဲ့ထောင်ချဖို့ရှိ

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ဖြစ်သူ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၈ ရက်မှာ အပြီးသတ်အမိန့်ချဖို့ရှိနေပါတယ်။

PDF ထောက်ပံ့ရေးလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ကို အိုးဘိုထောင် ရုံးချိန်းကအပြန်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်တသက်အထိ ချလို့ရတဲ့ အကြမ်းဖက်ပုဒ်မ ၅၀ (ည)နဲ့ တရားစွဲပါတယ်။

ရှေ့နေဒေါ်ရွက်နုအောင်ဟာ အာဏာသိမ်းမှုအပြီး စစ်တပ်က ဖမ်းဆီးတရားစွဲထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြတို့ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးတိုင်း NLD ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သလို နာမည်ကျော် ဗစ်တိုရီးယားအမှုမှာ နစ်နာသူကလေးငယ်ဘက်က လိုက်ပါဆောင်ရွက်ပေးခဲ့သူလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

သတင်း

ဖမ်းဆီး​​ထောင်ချခံထားရဆဲ နိုင်ငံ​ရေးအကျဥ်းသား ၂၂၀၀၀ ​ကျော်ကျန်ရှိ​နေဆဲ

နိုင်ငံတကာ

အိန္ဒိယမှာ တရားသူကြီးချုပ်ကို ရှေ့နေ တစ်ဦးက ဖိနပ်နဲ့ ကောက်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း

တောင်ကြီးမြို့သို့ရောက်ရှိနေသည့် လားရှိုးမြို့မှစစ်ဘေးရှောင်တဦးအား ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးပြီး ထောင် ၇နှစ်ချလိုက်သည့်လုပ်ရပ်သည် လူထုကို ခြိမ်းခြောက်ခြင်းဟု တောင်ကြီးနှင့်လားရှိုးမြို့မှဒေသခံများကပြောသည်။