မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးထံမှ သေနတ် နှစ်လက် သိမ်းဆည်းခဲ့ကြောင်း Natogyi Regional Defence Force-NRDFသတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက် ၈နာရီခွဲခန့်က တောင်သာမြို့နယ်၊ ရသစ်ကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပျူစောထီး ဦးကျော်လှိုင်၏ နေအိမ်သို့ ဝင်ရောက်စီးနင်းပြီး ဦးကျော်လှိုင်ထံမှ တူမီးသေနတ်တစ်လတ်၊ ပွိုင့် ၂၂ လက်လုပ်သေနတ်တစ်လတ်နှင့် ကျည်အချို့ သိမ်းဆည်းခဲ့ကြောင်း NRDFသတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။
“အရပ်ဝတ်နဲ့ ဝင်သိမ်းခဲ့တာပါ။ အုပ်ချုပ်ရေးမှူးကိုတော့ ဘာမှ မလုပ်ခဲ့ပါဘူးဗျ။”ဟု ၎င်းတာဝန်ခံက ပြောသည်။
မြင်းခြံမြို့နယ်တွင် ယခင်လပိုင်းအတွင်းကလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးထံ PDF အဖွဲ့က ယူနီဖောင်းဖြင့် သွားရောက်ပြီး လက်နက်များသိမ်းဆည်းခဲ့သေးသည်။

Public Service Announcement


















































