မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ပိုဝကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဒရုန်းလေးစီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Unicorn Guerrilla Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၁နာရီခန့်က မတ္တရာမြို့နယ်၊ ပိုဝကျေးရွာတွင်တပ်စွဲထားပြီး ပြည်သူများအား ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်အား ဒရုန်းလေးစီးဖြင့် ဗုံးသီး ရှစ်လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗုံးသီးရှစ်လုံးအနက် ခြောက်လုံးသာပေါက်ကွဲခဲ့ပြီး ကျန်နှစ်လုံးမှာ ချို့ယွင်းခဲ့ကြောင်း၊ ဒေသခံများပြောကြားချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးပွဲချင်းပြီးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း Unicorn Guerrilla Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“လေးစင်း ပြိုင်တွေရော တစ်ခေါက်ပြီး တစ်ခေါက် ရောပေါ့။ သူတို့ဘက်က ညပိုင်း လက်နက်ကြီးတွေနဲ့ပစ်သေးတယ်။”ဟု ၎င်းတာဝန်ခံက ပြောသည်။

Public Service Announcement
အဆိုပါ စစ်ဆင်ရေးကို Unicorn Guerrilla Force၊ Sky Hero (madaya)၊ ဗိုလ်ကောင်းကင်၏ တော်လှန်ရေးအင်အားစု၊ ABRF (madaya)
Adventure ပျောက်ကြား၊ Peacock Soldiers madaya တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ရဲဘော် များအထိအခိုက်မရှိဟု အသိပေးသည်။
မတ္တရာနယ်အနောက်ခြမ်း ဧရာဝတီမြစ်ဘေးရှိ ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည်။


















































