Connect with us

Hi, what are you looking for?

သတင်း

ပျူစခန်းတိုက်ခိုက်ခံရ၍ စစ်ကူလာသည့် စစ်ကောင်စီတပ်ပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ

ဒီဇင်ဘာ ၂၇ ရက် နံနက် ၁ နာရီ ၅၄ မိနစ်ခန့်ကလည်း ငါးဇွန်မြို့နယ်၊ ဆုံရွာတွင် တပ်စွဲနေထိုင်သောပျူများအား ဒေသတွင်း PDFများက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ပျူစခန်းတိုက်ခိုက်ခံရ၍ စစ်ကူလာသည့် စစ်ကောင်စီတပ်ပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ
ပျူစခန်းတိုက်ခိုက်ခံရ၍ စစ်ကူလာသည့် စစ်ကောင်စီတပ်ပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ပျူစောထီးစခန်းတိုက်ခိုက်ခံရ၍ စစ်ကူလာသည့် စစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက် သေဆုံးမှုများရှိကြောင်း နောင်ရိုးအထူးပြောက်ကျား တပ်(NYSGF)က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၇ ရက် နံနက် ၂နာရီခန့်က မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာမှ ဆုံရွာကျေးရွာသို့ စစ်ကူပေးရန် ထွက်လာသော စစ်ကားအသေးတစ်စီးအား ဆီမီးခုံ – နဘူးအိုင် ကားလမ်းပေါ် ပင်လယ်ရွာနှင့် ကန်နီကျေးရွာကြားအရောက်တွင် ပဒေသာမိုင်း ၅လုံးတွဲဖြင့် အသင့်စောင့်ဆိုင်းကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း NYSGFက အသိပေးသည်။

ထိုသို့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့​ကြောင်း အတည်ပြုနိုင်ပြီး မိုင်းဆွဲခံရသော စစ်ကားမှာ နဘူးအိုင်ရွာသို့ ကြိုးဖြင့် ဆွဲ၍ပြန်သွားခဲ့ကြောင်း NYSGFက ဆိုသည်။

ထို့အပြင် PDF ရဲဘော်များမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ပြီး ထိုစစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်းအမှတ် (၆) တပ်ခွဲ (၁) နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF၊ တပ်ရင်းအမှတ် (၁) 27 Revolution Force မဟာမိတ်ညီနောင် ၂ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ နောင်ရိုးအထူးပြောက် ကျားတပ် NYSGFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒီဇင်ဘာ ၂၇ ရက် နံနက် ၁ နာရီ ၅၄ မိနစ်ခန့်ကလည်း ငါးဇွန်မြို့နယ်၊ ဆုံရွာတွင် တပ်စွဲနေထိုင်သောပျူများအား ဒေသတွင်း PDFများက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၁နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး ပျူသုံးဦးသေဆုံးကာ ၁၀ဦးနှင့်အထက် ဒဏ်ရာရှိခဲ့သည်ဟု သတင်းရကြောင်း YSO.ISA (ရေလယ်ကျွန်းဒေသပြောက်ကျားတပ်ဖွဲ့)က သတင်းထုတ်​​ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ