Connect with us

Hi, what are you looking for?

သတင်း

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က လမ်းမဘေးရှိကျေးရွာကို မီးရှို့ဖျက်ဆီး

စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် ယနေ့(ဒီဇင်ဘာလ ၃၀ရက်)နေ့လယ်တွင် ပုလောမြို့နယ်၊တိုရွာသို့ရောက်ရှိလာကာ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။

(တိုရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - CJ)
(တိုရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - CJ)

မြိတ် – ပုလောလမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က အဆိုပါ ကားလမ်းမဘေးရှိ ကျေးရွာကို မီးရှို့ဖျက်ဆီးနေသည်။

စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် ယနေ့(ဒီဇင်ဘာလ ၃၀ရက်)နေ့လယ်တွင် ပုလောမြို့နယ်၊တိုရွာသို့ရောက်ရှိလာကာ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။

“တိုရွာကို မီးရှို့နေပြီ။ ရွာဘက်ကနေ မီးခိုးလုံးတွေတက်လာနေတယ်။ စ…(စစ်ကောင်စီတပ်သား)တွေက မဲမဲမြင်ရာ လိုက်ကိုက်နေတာ”ဟု ပုလောမြို့ခံတစ်ဦးက ပြောသည်။

တိုရွာသည် မြိတ် – ပုလောလမ်းပိုင်းဘေးတွင် တည်ရှိသည်။ တိုရွာနှင့် တစ်ရွာကျော်တွင်ရှိသော တပိုကျေးရွာတွင် ယမန်နေ့(ဒီဇင်ဘာလ ၂၉ရက်)ညနေက စစ်ကောင်စီယာဥ်တန်းမိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။ အဆိုပါ စစ်ကောင်စီယာဥ်တန်းကို King Cobra Force (တောကြီးမြွေဟောက်အဖွဲ့)က ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။