Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၆)နယ်မြေ တစ်ပတ်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ် ၅၆ဦးထက်မနည်းသေဟု ထုတ်ပြန်

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုနှင့် အိုးအိမ်ပျက်စီးမှုများရှိခဲ့ကြောင်း ဖော်ပြသည်။

(KNU မှ အမျိုးသမီးတပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - transbordernews)
(KNU မှ အမျိုးသမီးတပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - transbordernews)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ၌ တစ်ပတ်အတွင်း တိုက်ပွဲ (၁၁)ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၅၆ဦးထက်မနည်းသေဆုံးကာ ၄၀ကျော် ဒဏ်ရာရခဲ့ကြောင်း ဒူးပလာယာခရိုင်က ယနေ့ သတင်းထုတ်ပြန်သည်။

KNUဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဒီဇင်ဘာ ၁၆ရက်ကစပြီး ကော့ကရိတ်ဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ရက်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့မှုများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ ကော့ကရိတ်တိုက်ပွဲ၌ ပူးပေါင်းတပ်ဘက်က ကျဆုံးထိခိုက်မှု အချို့ရှိသော်လည်း ယနေ့ သတင်းထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုနှင့် အိုးအိမ်ပျက်စီးမှုများရှိခဲ့ကြောင်း ဖော်ပြသည်။

ဒီဇင်ဘာ၂၄ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရခဲ့ပြီး ဒီဇင်ဘာ ၂၅ရက်တွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေကြပ်မင်း ဘုန်းကြီးကျောင်းမှ သံဃာတော် တစ်ပါး ပျံလွန်တော်မူခဲ့ပြီး သံဃာ သုံးပါးနှင့် အမျိုးသား တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။ဒီဇင်ဘာ ၂၇ရက်တွင် ကော့နွဲ့ရွာ တံတားနှင့် ရွာသစ်ကုန်းကျေးရွာ တဝိုက်သို့ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၂၈ရက်တွင်လည်း ရွာသစ်ကုန်းဒေသအား ပေါင် ၅၀၀ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ကော့ကရိတ်ဒေသ တိုက်ပွဲများကြောင့် ဒေသခံများလည်း စစ်ဘေးတိမ်းရှောင်နေရပြီး လူဦးရေ ထောင်ချီရှိနေကာ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။