Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၆)နယ်မြေ တစ်ပတ်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ် ၅၆ဦးထက်မနည်းသေဟု ထုတ်ပြန်

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုနှင့် အိုးအိမ်ပျက်စီးမှုများရှိခဲ့ကြောင်း ဖော်ပြသည်။

(KNU မှ အမျိုးသမီးတပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - transbordernews)
(KNU မှ အမျိုးသမီးတပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - transbordernews)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ၌ တစ်ပတ်အတွင်း တိုက်ပွဲ (၁၁)ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၅၆ဦးထက်မနည်းသေဆုံးကာ ၄၀ကျော် ဒဏ်ရာရခဲ့ကြောင်း ဒူးပလာယာခရိုင်က ယနေ့ သတင်းထုတ်ပြန်သည်။

KNUဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဒီဇင်ဘာ ၁၆ရက်ကစပြီး ကော့ကရိတ်ဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ရက်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့မှုများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ ကော့ကရိတ်တိုက်ပွဲ၌ ပူးပေါင်းတပ်ဘက်က ကျဆုံးထိခိုက်မှု အချို့ရှိသော်လည်း ယနေ့ သတင်းထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုနှင့် အိုးအိမ်ပျက်စီးမှုများရှိခဲ့ကြောင်း ဖော်ပြသည်။

ဒီဇင်ဘာ၂၄ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရခဲ့ပြီး ဒီဇင်ဘာ ၂၅ရက်တွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေကြပ်မင်း ဘုန်းကြီးကျောင်းမှ သံဃာတော် တစ်ပါး ပျံလွန်တော်မူခဲ့ပြီး သံဃာ သုံးပါးနှင့် အမျိုးသား တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။ဒီဇင်ဘာ ၂၇ရက်တွင် ကော့နွဲ့ရွာ တံတားနှင့် ရွာသစ်ကုန်းကျေးရွာ တဝိုက်သို့ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၂၈ရက်တွင်လည်း ရွာသစ်ကုန်းဒေသအား ပေါင် ၅၀၀ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ကော့ကရိတ်ဒေသ တိုက်ပွဲများကြောင့် ဒေသခံများလည်း စစ်ဘေးတိမ်းရှောင်နေရပြီး လူဦးရေ ထောင်ချီရှိနေကာ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။