Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းနယ်ရှိ ယင်းတွေရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ မီးရှို့စစ်အု​ပ်စု တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်သည် ယင်းတွေကျေးရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ အိမ်ပေါင်း ၄၂ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်အုပ်စုထွက်ခွာသွားပြီးနောက် ယင်းတွေကျေးရွာအတွင်း ကျန်ခဲ့သော စစ်အုပ်စုယူနီဖောင်းအချို့နှင့် သွေးစသွေးနများနှင့် ယင်းတွေကျေးရွာအား မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ-အဖြူရောင် ပကဖ
စစ်အုပ်စုထွက်ခွာသွားပြီးနောက် ယင်းတွေကျေးရွာအတွင်း ကျန်ခဲ့သော စစ်အုပ်စုယူနီဖောင်းအချို့နှင့် သွေးစသွေးနများနှင့် ယင်းတွေကျေးရွာအား မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ-အဖြူရောင် ပကဖ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ယင်းတွေကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၄၀ကျော် ပျက်စီးဆုံးရှုံးပြီး မီးရှို့စစ်အုပ်စုအား တန်ပြန်တိုက်ခိုက်ရာ ထိခိုက်ကျဆုံးမှုရှိကြောင်း ဒီပဲယင်းအခြေစိုက် အဖြူရောင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

ယမန်နေ့(ဒီဇင်ဘာ ၃၀ ရက်) နံနက် ၆နာရီခန့်က စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ်၊ ကြည်ကျေးရွာနှင့် သာစည်ကျေးရွာတို့မှတဆင့် ရွာသစ်ကျေးရွာအနီးသို့ ရောက်ရှိလာရာ FRFတပ်ဖွဲ့က (၄၀)မမ နှစ်လုံး ပစ်ကာတိုက်ခိုက်ခဲ့ကြောင်း အဖြူရောင် ပကဖအဖွဲ့က အသိပေးသည်။

ထို့နောက် စစ်ကောင်စီတက်သည် ရွာသစ်ဘုန်းကြီးကျောင်းထဲသို့ နှစ်ဖွဲ့ပေါင်း ဝင်ရောက်သွားခဲ့ပြီး ထိုမှတဆင့် ယင်းတွေကျေးရွာ စာသင်ကျောင်းသို့ ဦးတည်ထွက်ခွာလာရာ အဖြူရောင်တပ်ဖွဲ့မှ စနိုက်ပါသမားက ပစ်ခတ်၍ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း အဖြူရောင် (ပကဖ)အဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်သည် ယင်းတွေကျေးရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ အိမ်ပေါင်း ၄၂ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်သားများ ယင်းတွေရွာထဲမှ ပြန်အထွက်တွင် A2Kအဖွဲ့က ပဒေသာ မိုင်း နှစ်လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ထိခိုက်မှု အတိအကျမသိရသေးသော်လည်း ရှင်းလင်းရေးဝင်ချိန် စစ်သားများ၏ ယူနီဖောင်းနှင့် သွေးစက်များ တွေ့ရှိခဲ့ကြောင်း အဖြူရောင်(ပကဖ)အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးအား မဟာမိတ်အဖွဲ့အစည်းများ ပါဝင်ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ အဖြူရောင်(ပကဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။