Connect with us

Hi, what are you looking for?

သတင်း

အရာတော်နယ် နောင်ကြီးအိုင်ရွာရှိ စစ်ကောင်စီစခန်းအား ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အရာတော်နယ် နောင်ကြီးအိုင်ရွာရှိ စစ်ကောင်စီစခန်းအား ပစ်ခတ်တိုက်ခိုက်
အရာတော်နယ် နောင်ကြီးအိုင်ရွာရှိ စစ်ကောင်စီစခန်းအား ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင် ကျေးရွာတွင် အထိုင်ချထားသော စစ်ကောင်စီစခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၃၁ ရက်)နံနက် ၆ နာရီခန့်က နောင်ကြီးအိုင်ကျေးရွာတွင် အထိုင်ချနေထိုင်လျက်ရှိသော စစ်သားနှင့်ရဲများ၏ စခန်းအား(၄၀) မမ ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့က အသိပေးသည်။

အဆိုပါ စစ်ကောင်စီတပ်သားနှင့်ရဲများသည် ပြည်သူများ၏ အဖိုးတန်ပစ္စည်းများကို ခိုးယူရောင်းချခြင်း၊ ပြည်သူ့နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း၊ ဒီဇင်ဘာ ၂၃ရက် က အရာတော်တပ်မှ ထွက်လာသော ၅၀ခန့်ဖြင့် အင်အားထပ်တိုးထားပြီးအောင်သုခကျေးရွာရှိ နေအိမ်များကိုလည်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား လျှပ်စီးမိုးကြိုး မုန်တိုင်း တပ်ဖွဲ့နှင့် ပကဖ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုထိခိုက်မှု အတိအကျမသ်ိရသေးကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။