Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမြို့နယ်တွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် ခြောက်ဦးသေ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်းဖြစ်ပွားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကာ လေးဦးဒဏ်ရာရသွားကြောင်း ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်း(Ka’ Sar Doh Federal Column) က ပြောသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်)

▪️သေနတ်လေးလက်ရ၊ တော်လှန်ရေးရဲဘော် လေးဦးကျဆုံး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်းဖြစ်ပွားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကာ လေးဦးဒဏ်ရာရသွားကြောင်း ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်း(Ka’ Sar Doh Federal Column) က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ရက် နံနက် ၅ နာရီခန့်က သရက်ချောင်းမြို့နယ် ပဲဒက်ရွာ၌တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၂၀ခန့်ရှိ စခန်းအား ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် ဘက်မှ သုံးဦးသေပြီး နှစ်ဦးဒဏ်ရာရကာ စစ်ကောင်စီတပ်ထံမှ M-16 A1 နှစ်လက်၊ AK 47 တစ်လက်၊ M1 Carbine တစ်လက်၊ လက်ပစ်ဗုံးသုံးလုံးနှင့် ကျည်ဆံအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက အသိပေးသည်။

ထို့အပြင် ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်ကလည်း သရက်ချောင်းနယ် ပိတောက်ကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက စောင့်ကြိုတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် သားသုံးဦးထပ်မံသေဆုံး၍ နှစ်ဦးဒဏ်ရာရသွားပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အလားတူ ယင်းနေ့(ဒီဇင်ဘာ ၁၄)နေ့လယ် ၃ နာရီခန့်၌ ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ ပဲရေပူရွာအနီး ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း ယင်းစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြသည်။

အဆိုပါ ပဲရေပူရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၆၀)မမ လက်နက်ကြီး အလုံး (၄၀)ခန့်ဖြင့် ပစ်ခတ်ခဲ့ရာ တော်လှန်ရေးရဲဘော်လေးဦး မြင့်မြတ်စွာကျဆုံးခဲ့ဏကြောင်း အထက်ပါတော်လှန်ရေးရဲဘော်က အသိပေးသည်။

“ကျွန်တော်တို့ နွေဦးတော်လှန်ရေးရဲ့အနှစ်သာရက ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ဖို့လေ။ အဲဒီအတွက် ကျဆုံးသွားကြတဲ့ ကျနော်တို့ ရဲဘော်တွေဟာ အဲဒီစနစ်အောင်မြင်ဖို့အတွက် ပေးဆပ်သွားကြတာပါ။ ဒီစနစ်အောင်မြင်မှလည်း ကျွန်တော်တို့ တစ်ပြည်လုံးလွတ်မြောက်မှာ။ သူတို့လေးဦးကတော့ ကျွန်တော်တို့အားလုံးအတွက် အမြဲအမှတ်ရနေမယ့် အာဇာနည်သူရဲကောင်းတွေပါ”ဟု ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အထက်ပါ ပဲရေပူရွာအနီးတိုက်ပွဲတွင် ကျဆုံးခဲ့သော တော်လှန်ရေးရဲဘော်လေးဦးမှာ ရဲဘော် ကျော်ဖြူ၊ ရဲဘော်ကျောက်မဲ၊ ရဲဘော်ဖလုံးနှင့် ရဲဘော်ရိုးရိုးလေးတို့ဖြစ်ကြောင်း ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။