Connect with us

Hi, what are you looking for?

သတင်း

ချောက်မြို့တွင် အဓမ္မငွေတောင်းခံနေသော စည်ပင်နှင့် လျှပ်စစ်ရုံးကို တချိန်တည်း ပစ်ခတ်သတိပေး

ပြည်သူကိုဆက်လက်ဒုက္ခပေးနေပါကလုံးဝ ငဲ့ညှာတော့မည်မဟုတ်ကြောင်း ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့ CGFက သတိပေးသည်။

ချောက်မြို့တွင် အဓမ္မငွေတောင်းခံနေသော စည်ပင်နှင့် လျှပ်စစ်ရုံးကို တချိန်တည်း ပစ်ခတ်သတိပေး
ချောက်မြို့တွင် အဓမ္မငွေတောင်းခံနေသော စည်ပင်နှင့် လျှပ်စစ်ရုံးကို တချိန်တည်း ပစ်ခတ်သတိပေး

မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ အဓမ္မငွေတောင်းခံနေသော မြို့နယ်စည်ပင်ရုံးနှင့် လျှပ်စစ်ရုံးအား မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းပြီး အဖွဲ့ခွဲကာ တစ်ချိန်တည်း ပစ်ခတ်သတိပေးခဲ့ကြောင်း ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့ Chauk Guerilla Force၏ ဒုခေါင်းဆောင် ဗိုလ်ပေတက ပြောသည်။

ဇန်နဝါရီ ၅ရက် ညနေ ၆နာရီခန့်က ချောက်မြို့နယ်မြို့တွင်း၌ ရှိသည့် စည်ပင်ရုံးအား လက်ပစ်ဗုံး ပစ်သွင်းခဲ့ပြီး ချို့ယွင်းမှုဖြစ်၍ မကွဲသောကြောင့် ရုံးမှန်များအား ငါးချက်ပစ်ခတ်ကာ သတိပေးခဲ့ကြောင်း၊ မြို့အထွက်ရှိ လျှပ်စစ်ရုံးကိုလည်း သုံးချက်ပစ်၍ သတိပေးခဲ့ကြောင်း Chauk Guerilla Force၏ ဒုခေါင်းဆောင် ဗိုလ်ပေတက ပြောသည်။

ထိုသို့ပစ်ခတ်မှုကြောင့် စည်ပင်ရုံးမှန်အချို့ကွဲအက်သွားပြီး အခြားထိခိုက်မှုစုံစမ်းနေသည်ဟု ဗိုလ်ပေတက ပြောသည်။

ချောက်စည်ပင်သည် အခွန်အခ အ‌ဆမတန် ကောက်ခံခြင်း၊ ရေမီတာအခွန်အခများကို နည်းမျိုးစုံဖြင့် လိမ်လည်ကာ ဒဏ်ကြေးများ အဆမတန်ရိုက်၍ ကောက်ခံနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မြို့နယ်လျှပ်စစ်ရုံးသည်လည်း မီတာခများအတင်းအကျပ်ကောက်ခံခြင်း၊ မပေးဆောင်နိုင်သေးသော အိမ်များရှိ မီတာများအား ဖြုတ်ရန်ခြိမ်းခြောက် ခြင်းတို့ ပြုလုပ်နေကြောင်း ပြည်သူများက တိုင်ကြားလာ၍ နှစ်ရုံးလုံးအား သတိပေး ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒုခေါင်းဆောင် ဗိုလ်ပေတက ပြောသည်။

“ဘာကြောင့် လုပ်ရသလဲဆိုတော့ အခွန်ဘဏ္ဍာ အများဆုံးကောက်ခံရတဲ့ ငှာန နှစ်ခုဖြစ်တာရယ် ပြည်သူတွေကိုနည်းမျိုးစုံနဲ့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေအောင် လုပ်နေတာရယ်။ အခွန်အခတွေကိုလည်း မလိမ့်တပတ်လုပ်ပြီး ပိုတောင်း ဒဏ်ကြေးတွေ လျှောက်ရိုက် ရေဘုံပိုင်တွေဖြတ်သိမ်း လျှပ်စစ်မီတာတွေကို အကြေမဆောင်နိုင်ရင် ဖျတ်သိမ်းမယ်လို့ ငြိမ်းခြောက်နေတာတွေကြောင့် ပြည်သူလူထုက ကျွန်တော်တို့ C.G.F ကို လာရောက်တိုင်ကြားတာတွေရှိလို့ နောက်‌နောင် ဆက်လက်ဒုက္ခမပေးနိုင်စေရန်သတိပေးပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။”ဟု ဗိုလ်ပေတက ပြောသည်။

ပြည်သူကိုဆက်လက်ဒုက္ခပေးနေပါကလုံးဝ ငဲ့ညှာတော့မည်မဟုတ်ကြောင်း ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့ CGFက သတိပေးသည်။

အဆိုပါ စစ်ဆင်ရေးကို (C-G-F)ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်များဖြစ်သော ‌King fighter KF (People defense force) (မြိုင်)၊ ( Hunter Dragon Group )၊ ရေနံချောင်းဖေကံကောင်း၊ Nway Oo FM(online ထောက်ပို့) တို့နှင့်ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။