Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းနယ်ရှိ ကြာညှပ်ရဲကင်းစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

စစ်ကောင်စီအား ဆက်လက်တိုက်ခိုက်ရန် ရန်ပုံငွေလိုအပ်နေ၍ ပါဝင်ကူ​ညီပေးကြရန် TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

စစ်ဆင်ရေးတွင်တွေ့ရသည့် TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ရဲဘော်များ၊ ဓာတ်ပုံ-TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့
စစ်ဆင်ရေးတွင်တွေ့ရသည့် TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ရဲဘော်များ၊ ဓာတ်ပုံ-TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကြာညှပ်ရဲကင်းစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၇ ရက်)နံနက် ၁၁နာရီခွဲခန့်က သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာရဲစခန်းတွင် စစ်ကောင်စီတပ် အင်အား ၁၅ဦးခန့်ရှိနေချိန် ဒရုန်းဖြင့် M9 အမျိုးအစား ဗုံးတစ်လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း TBKတောဆင်ရိုင်းပြောက် ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်သားများ အထိအခိုက်မရှိခဲ့သော်လည်း ရဲကင်းစခန်းရှိ လက်နက်တိုက်အနီး ကျရောက် ပေါက်ကွဲခဲ့သဖြင့် အပျက်အစီးရှိဟု ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

စစ်ဆင်ရေးတွင်တွေ့ရသည့် TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ရဲဘော်များ၊ ဓာတ်ပုံ-TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့
စစ်ဆင်ရေးတွင်တွေ့ရသည့် TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ရဲဘော်များ၊ ဓာတ်ပုံ-TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့

တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီဘက်က လက်နက်ငယ်ဖြင့် ၁၀ချက်ခန့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ကြာညှပ်တိုက်နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ၊အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှုး ၊ဆယ်အိမ်မှူးများ နှုတ်ထွက်ကြရန်နှင့် ပျူစောထီးများလည်း ပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျပြီး မတရားနည်းဖြင့် ငွေကြေးကောက်ခံ တောင်းယူမှုများ လုံးဝမလုပ်ကြရန်နှင့် ရပ်တန်းက ရပ်ကြပါရန် အသိပေးကြောင်း၊ လိုက်နာမှုမရှိပါက ပြင်းပြင်းထန်ထန် အရေးယူ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီအား ဆက်လက်တိုက်ခိုက်ရန် ရန်ပုံငွေလိုအပ်နေ၍ ပါဝင်ကူ​ညီပေးကြရန် TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

သတင်း

PDF ​တွေကတံတားဦး​လေတပ်အား ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့စစ်တပ်က စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ PDF ​တွေက ​လေတပ်ရဲ့​လေယာဥ်​ပြေးလမ်း​ပေါ်မှာ​လေတပ်ကစစ်သား​တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုထပ်မံထုတ်ပြန်လိုက်ပါတယ် ။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

Facebook