Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီး – နတ်သံကွင်းလမ်း၌ KNLAနှင့် ပူးပေါင်းတပ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ခုနစ်ဦးသေဟုဆို

ဇန်နဝါရီ ၈ရက် နံနက် ၅နာရီခွဲ၌ ကျောက်ကြီးမြို့နယ် နတ်သံကွင်းရွာနှင့် ကျောက်ကြီးလမ်း၌ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့သည်ဟု ဆိုသည်။

(ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ရင်း (၃၇၀၂)မှ ရဲဘော်များအား တွေ့ရစဉ်)
(ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ရင်း (၃၇၀၂)မှ ရဲဘော်များအား တွေ့ရစဉ်)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ရင်း (၃၇၀၂)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၈ရက် နံနက် ၅နာရီခွဲ၌ ကျောက်ကြီးမြို့နယ် နတ်သံကွင်းရွာနှင့် ကျောက်ကြီးလမ်း၌ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး ၃နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးခဲ့ပြီး KNLAနှင့် ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ကျဆုံးမရှိကြောင်း ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၂)က ထုတ်ပြန်သည်။

ဇန်နဝါရီ ၇ရက်ကလည်း ကျောက်ကြီး – နတ်သံကွင်းလမ်း သဲကုန်းရွာနှင့် ညောင်ကုန်း ကြား၌ စစ်ကောင်စီတပ် ယာဉ်တန်းအား တိုက်ခိုက်ရန် ထောင်ထားသည့် မိုင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ရှင်းလင်းခဲ့ရာ ရှင်းလင်းနေစဉ်ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်မှ သုံးဦးသေ၊ ခြောက်ဦးဒဏ်ရာရခဲ့သည်ဟု ပဲခူးတိုင်း PDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။