Connect with us

Hi, what are you looking for?

သတင်း

ပုလဲနယ် ကန့်ဒေါင့်ရဲစခန်းအား မဟာမိတ်တပ်ဖွဲ့များပူးပေါင်ပြီး လေးရက်ဆက်ပစ်ခတ်တိုက်ခိုက်

ယနေ့ (ဇန်နဝါရီ ၈ ရက်)အထိ ပစ်ခတ်ခဲ့ပြီး ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျူနှင့်ရဲများ အကျအဆုံးများနိုင်သည်ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရာမက ဆိုသည်။

ကန့်ဒေါင့်ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကြီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-TRIPLE-R
ကန့်ဒေါင့်ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကြီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-TRIPLE-R

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ကျေးရွာ ရဲစခန်းရှိ စစ်ကောင်စီလက်ပါးစေ ရဲနှင့်ပျူစောထီးများအား မဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ လေးရက်ဆက် တိုက်ခိုက်နေပြီး စစ်အုပ်စုက ရဟတ်ယာဥ်ဖြင့်ပြန်ပစ်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း(၁၂) တပ်ခွဲ(၃) TRIPLE-Rအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရာမက ပြောကြားသည်။

ဇန်နဝါရီ ၅ ရက်ကစပြီး ကန့်ဒေါင့် ရဲစခန်းကို မဟာမိတ်တပ်ပေါင်းစုများက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း၊ ၆ ရက်တွင်လည်း ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း TRIPLE-Rအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရာမက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၇ ရက်)ကလည်း ပုလဲမြို့နယ် ကန့်ဒေါင့်ကျေးရွာ ရဲစခန်းရှိရဲများသည် အင်မထီးကျေးရွာမှ ပျူများနှင့် ပူးပေါင်းနေစဉ် ယင်းမာပင်ခရိုင်တပ်ရင်း(၁၂) တပ်ခွဲ(၃) TRIPLE-R အဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များပူပေါင်း ၍ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း ကိုရာမက ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့ (ဇန်နဝါရီ ၈ ရက်)အထိ ပစ်ခတ်ခဲ့ပြီး ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျူနှင့်ရဲများ အကျအဆုံးများနိုင်သည်ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရာမက ဆိုသည်။

Public Service Announcement

Public Service Announcement

“မနေ့က(ဇန်နဝါရီလ ၇ ရက်) ညနေပိုင်းမှာ စကစဘက်က စခန်းပြုတ်မှာစိုးလို့ Mi-35 နဲ့လာပစ်ပါတယ်ဗျ။ ဒီကနေ့နေ့ခင်းပိုင်းမှာလည်း MI-35 နဲ့တစ်ကြိမ်လာရောက်ပစ်ခတ်ပြန်ပါတယ်။ကျွန်တော်တို့အဖွဲ့ပစ်ခဲ့တာ (၆၀) မမပြောင်းပါ။ ခါးကနေပြတ်သွားလို့ ကျွန်တော်တို့အဖွဲ့က တပ်ခေါက်လာခဲ့ပြီး ကျန်မဟာမိတ်များက ဆက်လက်ပစ်ခတ်နေကြပါတယ်။”ဟု TRIPLE-Rအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရာမက ပြောသည်။

“စစ်ကောင်စီက ၂ရက်ဆက်တိုက် ရဟတ်ယာဉ်နဲ့ အကြိမ်ကြိမ်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး (စကစ) တပ်သား(၇၀)ဝန်းကျင် တပ်ချသွားတယ်လို့ သိထားရပါတယ်။”ဟု Pale Entertainment က ဖော်ပြသည်။

တိုက်ပွဲဧရိယာဝန်းကျင်ရှိ ကျေးရွာ(၉)မှ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။