Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့မစခန်းကို တိုက်ခိုက်စဥ် စစ်အုပ်စုလာရောက်၍ အပြန်အလှန်ပစ်ခတ်

စစ်ကောင်စီဘက်ကလည်း အပြင်းအထန်ပြန်လည်ပစ်ခတ်မှုများကြောင့် တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပျူများအထိခိုက်အကျဆုံးရှိနိုင်ပြီး ဆက်လက်စုံစမ်းနေကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)က အသိပေးသည်။

(ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)မှ ရဲဘော်တစ်ဦးအား တွေ့ရစဥ်)
(ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)မှ ရဲဘော်တစ်ဦးအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် မြို့မရဲစခန်းကိုပစ်ခတ်တိုက်ခိုက်စဥ် စစ်ကောင်စီတပ်သားများရောက်လာ၍ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၉) နံနက်ပိုင်းက ဝက်လက်မြို့မရဲစခန်းကို လက်နက်ကြီးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် မင်းစုရပ်ကွက် အနီးသို့ ထွက်လာသော အင်အား၂၀ ခန့်ပါ စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် အချိန်အနည်းငယ်​ ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေက ဝက်လက်မြို့မရဲစခန်းဘက်ကို ဆယ်ချက်လောက်ပစ်အပြီးမှာ ဝက်လက်မြို့ထဲမှာရှိတဲ့ ‌စ..(စစ်ကောင်စီတပ်သား)တွေ ပျူတွေက ဝက်လက်မြို့အစွန်က မင်းစုရပ်ကွက်က ဘုရားဘေးကနေထွက်လာပြီး ကျွန်တော်တို့ဘက်ကို တတ်လာတယ်။ ကျွန်တော်တို့ဘက်က ရဲဘော်တွေက အရင်မြင်ပေမယ့် ပြည်သူလား ရန်သူလား သေချာကြည့်ပြီးမှ သေချာလို့ လက်နက်ငယ်တွေနဲ့ပစ်တယ်ပေါ့။အဲ့အချိန်မှာပဲ ​သူတို့တွေဘက်က တရစပ်ပစ်ခတ်တော့တာပဲ။”ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီဘက်ကလည်း အပြင်းအထန်ပြန်လည်ပစ်ခတ်မှုများကြောင့် တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပျူများအထိခိုက်အကျဆုံးရှိနိုင်ပြီး ဆက်လက်စုံစမ်းနေကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)က အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက်)People Revolution Front (Wetlet)၊အမေ့သား(LPDF)၊ မြို့မတိုက်နယ်(ပကဖ)တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook