Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးတွင်လူဦး​ရေစာရင်းကောက်​သော စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီးတစ်ဦး​သေ၊တစ်ဦးဒဏ်ရာရ

ပကဖအဖွဲ့များ ပစ်သတ်ခဲ့သူမှာ ဒုဗိုလ်အဆင့်ရှိသူဖြစ်ပြီး အရပ်ဝတ် ဝတ်ထားစဉ်ပစ်သတ်ခံရခြင်းဖြစ်သည်ဟု လောင်းလုံးမြို့ခံများကပြောသည်။

လောင်းလုံးတွင်လူဦး​ရေစာရင်းကောက်​သော စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီးတစ်ဦး​သေ၊တစ်ဦးဒဏ်ရာရ
လောင်းလုံးတွင်လူဦး​ရေစာရင်းကောက်​သော စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီးတစ်ဦး​သေ၊တစ်ဦးဒဏ်ရာရ

▪︎​သေနတ်တစ်လက်နှင့်ကျည်များရရှိ​ကြောင်း​လောင်းလုံPDF​ပြော

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့တွင် စစ်ကောင်စီကျင်းပမည်ဆို​သောရွေးကောက်ပွဲအတွက် လူဦး​ရေစာရင်းလိုက်လံကောက်နေသည့်အဖွဲ့ ကိုလုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့​ကြောင်း လောင်းလုံးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LLPDF)မှ တာဝန်ရှိသူက​ပြောသည်။

စစ်ကောင်စီ၏တရားမဝင်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကို ဇန်နဝါရီ ၉ရက်မှ ၃၁ ရက် တအိမ်တက်တအိမ်ဆင်းစနစ်ဖြင့် စစ်ကောင်စီဝန်ထမ်းများက စတင်ကောက်ယူသည့် ပထမဦးဆုံးနေ့တွင်ယခုကဲသို့တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဇန်နဝါရီ ၉ ရက် နံနက်၁၁နာရီခန့်က ကမြောကင်းကျေးရွာ မူလတန်းကျောင်းတွင် စစ်ကောင်စီတပ်သားများ လုံခြုံရေးယူနေစဉ် ​လောင်းလုံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(လောင်းလုံး -ပကဖ)နှင့် Guerrilla Revolution Force-GRF(ထားဝယ်-ပကဖ)တို့ကက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ AK-47 တစ်လက်၊ ကျည် ၂၃တောင့်နှင့် မက်ကဇင်းတစ်ခုတို့ကို သိမ်းစည်းရမိသည်ဟု ​သိရသည်။

Public Service Announcement

Public Service Announcement

ပကဖအဖွဲ့များ ပစ်သတ်ခဲ့သူမှာ ဒုဗိုလ်အဆင့်ရှိသူဖြစ်ပြီး အရပ်ဝတ် ဝတ်ထားစဉ်ပစ်သတ်ခံရခြင်းဖြစ်သည်ဟု လောင်းလုံးမြို့ခံများကပြောသည်။

“ပစ်သံကြားတော့ လူတွေကလန့်သွားတာ။ အဲ့အချိန်မှ ပစ်ခံရတဲ့သူက လဲကျသွားတာ။အချိန်က ခဏလေးအတွင်းမှာဖြစ်သွားတာ အရမ်းမြန်တယ်။ သေချာဘယ်သူမှ မမြင်လိုက်ရဘူး”ဟု လောင်းလုံးမြို့ခံတစ်ဦးကပြောသည်။

ထိုပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်သည် ထားဝယ်မြို့နှင့် လောင်းလုံးမြို့ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတားကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့သည်။

“ခြေလျင်တပ်ရင်း(၁၀၄)နဲ့ ကမြောကင်းတံတားအနီး ကင်းဘုတ်တွေရဲ့အကြား နီးကပ်လို့ မင်ရှင်ကိုမြန်မြန်လုပ်ပြီး ဆုတ်လိုက်တာ”ဟု လောင်းလုံး ပ.က.ဖ မှPDFတစ်ဦးကလည်း​ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်း၏အာဏာတည်မြဲရေးအတွက် ဟန်ပြရွေးကောက်ပွဲတစ်ပြုလုပ်မည်ဖြစ်ရာ ဒေသအချို့တွင် လူဦးရေစာရင်းကောက်ယူများရှိနေပြီး လောင်းလုံးမြို့နယ် ကမြောကင်းရွာမှာ စစ်အုပ်စုက လူဦးရေစာရင်းလိုက်ကောက်သည့် ပထမဆုံးကျေးရွာဖြစ်ကြောင်း အထက်ပါရဲဘော်က ဆိုသည်။

စစ်​ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲဖော်ဆောင်နေမှုကို လက်ပိုက်ကြည့်နေမည် မဟုတ်သောကြောင့် စစ်ကောင်စီတပ်သားများနှင့် အနီးကပ်သွားလာခြင်းနှင့်မဲစာရင်းများလိုက်လံကောက်ခံနေမှုများကို ဝေးဝေးနေကြရန်လည်း LLPDFကတိုက်တွန်းထားသည်။ထို​ကြောင့်စစ်​ကောင်စီ​ဝန်ထမ်းများအ​နေဖြင့် လူဦး​ရေးစာရင်းလိုက်လံမ​ကောက်ဘဲ ၊ပြည်သူနှင့်ပူး​ပေါင်းကြရန်​လောင်းလုံPDFကတောင်းဆိုသည်။

“စာရင်းလိုက်ကောက်နေတဲ့သူတွေထဲမှာကလက်နက်ရှိသူ၊မရှိသူက ရောထွေးနေတယ်ဗျ။အဲဒါကြောင့်လည်း နောက်ပိုင်း ဆက်လက်ပြီး စာရင်းလိုက်ကောက်နေတုန်း ကျွန်တော်တို့ ရှင်းတဲ့အခါ ထိခိုက်မိတာတွေရှိလာရင် လုံးဝ တာဝန်မယူနိူင်ကြောင်း နဲ့စကစ အလိုကျစာရင်းလိုက်ပါမကောက်ဖို့ ထုတ်ပြန်အသိပေးထားတာခင်ဗျား”ဟုLLPDFတာဝန်ရှိသူကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။