Connect with us

Hi, what are you looking for?

သတင်း

NUGအစိုးရ အတိတ်နိုင်ငံရေးအမှားများကို သင်ခန်းစာယူရမည်၊ လေလိုင်းထဲက အစိုးရမဖြစ်စေရဟု ယာယီသမ္မတပြော

၂၀၂၃တွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာ ထွက်ပေါ်လာရန် အထူးမျှော်လင့်မိသကဲ့သို့ ပြည်သူလူထုကလည်း မျှော်လင့်တကြီးစောင့်မျှော်နေမည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

NUGအစိုးရ အတိတ်နိုင်ငံရေးအမှားများကို သင်ခန်းစာယူရမည်၊ လေလိုင်းထဲက အစိုးရမဖြစ်စေရဟု ယာယီသမ္မတပြော
NUGအစိုးရ အတိတ်နိုင်ငံရေးအမှားများကို သင်ခန်းစာယူရမည်၊ လေလိုင်းထဲက အစိုးရမဖြစ်စေရဟု ယာယီသမ္မတပြော

လက်တွေ့ နိုင်ငံရေး၊ စစ်ရေးရလဒ်များနှင့်သာ လူထုယုံကြည်မှုရရှိရေး စည်းရုံးကြရန် တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေဖြင့် အတိတ်ကဖြစ်ခဲ့သည့် နိုင်ငံရေးအမှားများကို သင်ခန်းစာယူရလိမ့်မည်ဖြစ်ကြောင်း ယာယီသမ္မတဒူဝါလရှီးလက ယနေ့ ပြုလုပ်သည့် အစိုးရ အဖွဲ့အစည်းအဝေး၌ ပြောကြားသည်။

“အထူးသဖြင့် ကျွန်တော့်အနေနဲ့ ပြောချင်တာတစ်ခုကတော့ NUG အစိုးရဟာ လေလှိုင်းထဲက အစိုးရမဖြစ်စေရဘူးဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးအလုပ်တွေကိုလည်း လုပ်မယ်။ ဖြစ်သင့်တာတွေကို ဖြစ်နိုင်ချေရှိလာအောင်လည်း ကြိုးစားကြမယ်။ အထူးသဖြင့် ပြည်သူလူထုကို လက်တွေ့ရလဒ်နဲ့သက်သေပြချင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

နိုင်ငံရေး၌ ဝါဒဖြန့်ချိရေးနှင့်စည်းရုံးရေးသည် အစိတ်အပိုင်းတစ်ခုအနေဖြင့် အရေးကြီးသည်မှာမှန်သော်လည်း သူ့ချည်းသက်သက် လုံး၀မရဆိုသည်ကို အစိုးရအဖွဲ့ဝင်များ အားလုံးနားလည်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

“ဒါ့ကြောင့် လက်တွေ့နိုင်ငံရေးရလဒ်၊ လက်တွေ့ စစ်ရေးရလဒ်တွေနဲ့ပဲ ပြည်သူလူထု ယုံကြည်မှုရအောင် စည်းရုံးကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

Public Service Announcement

Public Service Announcement

၂၀၂၃ ခုနှစ်သည် တော်လှန်ရေးအတွက် တစ်ဆစ်ချိုးအပြောင်းအလဲများရှိလာမည့် နှစ်ဟု ယုံကြည်မျှော်လင့်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

“ဒီလို ကြီးမားတဲ့ အပြောင်းအလဲဖြစ်လာအောင် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက မဟာမိတ်စစ်ရေးပေါင်းစည်းမှုကို သဘောထားကြီးကြီးနဲ့ ဝိုင်းဝန်းတည်ဆောက်နေကြတာကိုလည်း မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့နဲ့ မဟာမိတ်ဆက်ဆံရေးအားဖြင့် လက်တွဲထားတဲ့ တော်လှန်သောအစုအဖွဲ့တွေဆီကနေ ထိုက်သင့်တဲ့ စစ်ရေးအထောက်အပံ့နဲ့ စစ်ရေ အကူအညီတွေလည်း ရသင့်သလောက် ရထားကြတာ တွေ့ရလို့ ကျွန်တော့်အနေနဲ့ အားတက်ရပါတယ်” ဟု ယာယီသမ္မတ၏ မိန့်ခွန်း၌ ပါရှိသည်။

၂၀၂၃တွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာ ထွက်ပေါ်လာရန် အထူးမျှော်လင့်မိသကဲ့သို့ ပြည်သူလူထုကလည်း မျှော်လင့်တကြီးစောင့်မျှော်နေမည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။