Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းတွင်စစ်ကောင်စီတပ်ယာဉ်တန်းကိုKNLAဦး​ဆောင်​သောပူး​ပေါင်းတိုက်ခိုက် ကား ၂စီးပျက်စီး၊ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးထိခိုက်ဟုတာဝန်ရှိသူ​ပြော

ဘီးလင်းမှ သထုံသို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ် ၃စီးကို ဇန်နဝါရီ ၁၁ရက် နေ့လည်ပိုင်းတွင် KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(KNU/KNLAတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNU)
(KNU/KNLAတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ သထုံခရိုင်တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ်ယာဉ်တန်းကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ကသေဆုံးထိခိုက် ၁၀ဦးထက်မနည်းရှိခဲ့ကြောင်းကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နယ်မြေခံတပ်မှူးတစ်ဦးက ပြောသည်။

ဘီးလင်းမှ သထုံသို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ် ၃စီးကို ဇန်နဝါရီ ၁၁ရက် နေ့လည်ပိုင်းတွင် KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဘီးလင်းဒေါက်ရပ်(ဒေါက်ရပ်ကျေးရွာ)နားမှာ။ ကားမိုင်းခွဲတာ။ ကားက ၂စီးထိပြီး မီးလောင်သွားတယ်။သေတာက ၇ယောက်ဒဏ်ရာရတာက ၄ယောက်။ကားက ၃စီး။ ၂စီးက မီးလောင်သွားတယ်။ ကားစီးတစ်စီးကတော့ ဘီးပေါက်သွားတော့ ရပ်သွားတာပေါ့။ မနေ့က ကားတန်းတွေရပ်နေတာအဲဒီမှာ” ဟု KNLA တပ်မှူးက ပြောသည်။

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring က သီးခြားအတည်မပြုနိုင်​သေးပါ။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ရက်ပိုင်းကလည်းရန်ကုန် -မော်လမြိုင်လမ်းကျိုက်ထိုနှင့်သထုံကြား၌ စစ်ကောင်စီတပ်ယာဉ်များကို ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်များ သေဆုံးထိခိုက်ရှိခဲ့သည်။

“ကျွန်​တော်တို့ အောင်ပွဲခံတဲ့အထိတော့ ဆက်ပြီးတော့ ကျွန်​တော်တို့ တိုက်ပွဲဝင်ရမှာပဲ” ဟု KNLA တပ်မှူးကတော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။