Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးနယ်အနောက်ခြမ်းတွင် စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေ၍ ကျေးရွာ ၁၄ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

“စစ်ကြောင်း ၂ခုပေါင်း လူသားဒိုင်းများ အပါအဝင်အင်အား ၂၀၀ နီးပါးခန့်ရှိပါတယ်။”ဟု ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာရသည့် ပြည်သူများ၊ ဓာတ်ပုံ - Information Ye - U News
ထွက်ပြေးတိမ်းရှောင်လာရသည့် ပြည်သူများ၊ ဓာတ်ပုံ - Information Ye - U News

ပြည်သူအချို့ကိုလည်း လူသားဒိုင်းအဖြစ် စစ်​ကြောင်းတလျှောက် ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၁၄ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူအချို့ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ဒုတိယအပတ်တွင် ဒီပဲယင်းနယ်မှတဆင့် ရေဦးမြို့နယ်ဘက်သို့ ကူးသန်းလာရာ လက်နက်ကြီးများဖြင့်ပစ်ခတ်ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးခဲ့၍ ယမန်နေ့ညပိုင်းအထိ ရေဦးနယ်အနောက်ခြမ်းရှိ ခြုံရွာ၊ကျီကုန်း၊ ဇီးကုန်း၊ မစိုးရိမ်၊ ရွာမိဿာ၊ ပေါက်တော၊ မုတ်စီ၊ အောင်သာ၊ မူးဆုံ၊ ငွတ်တုံ၊ နှောကုန်း၊ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာ စသည့် ကျေးရွာပေါင်း ၁၄ ရွာထက်မနည်း ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာရသည့် ပြည်သူများ၊ ဓာတ်ပုံ - Information Ye - U News
ထွက်ပြေးတိမ်းရှောင်လာရသည့် ပြည်သူများ၊ ဓာတ်ပုံ – Information Ye – U News

စစ်ကောင်စီတပ်သည် ယနေ့ (ဇန်နဝါရီလ ၁၄ ရက်) နံနက်ပိုင်းတွင် စစ်ကြောင်းနှစ်ခုပေါင်းသွားခဲ့သည်။

Public Service Announcement

Public Service Announcement

နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ကုန်းသာ၊ ရွာသစ်သို့ လက်နက်ကြီး လက်နက်ငယ်များ ဆက်တိုက် ပစ်ခတ်ကာဝင်ရောက်နေပြီး ကုန်းသာမြောက်ပိုင်း၌ မီးရှို့နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“စစ်ကြောင်း ၂ခုပေါင်း လူသားဒိုင်းများ အပါအဝင်အင်အား ၂၀၀ နီးပါးခန့်ရှိပါတယ်။”ဟု ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၁ရက်တွင် ရေဦးနယ်၊လျှော်ဖြူရွာအား မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်(၈၅)လုံးခန့် မီးလောင်ပျက်ဆီးခဲ့သည်။

ယမန်နေ့ (ဇန်နဝါရီ ၁၃ရက်) မွန်းလွဲပိုင်းတွင် ဒီပဲယင်းစခန်းက ထွက်လာသော စစ်ကြောင်းသည် ရေဦး – ဒီပဲယင်း ကားလမ်းမဘေး ညောင်လှ၊ မူးဆုံဘက်သို့ ရောက်ရှိလာပြီး ကားလမ်းဘေးရှိနေအိမ်များ စျေးဆိုင်ခန်းများကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။