Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးတွင် မိုင်းဆင်နေသည့် PDFများအား စစ်ကောင်စီတ​ပ်က ပိတ်ဆို့တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရ

ဇန်နဝါရီ၁၂ ရက် နံနက်ပိုင်းက ဆားလင်းကြီးမြို့ပေါ်မှ မြောက်ဘက်ကို မီးရှို့ရန်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရန် မိုင်းကွင်းများ ပြင်ဆင်စောင့်နေခဲ့သည်။

(ဆုံးရှုံးခဲ့သော ကားသုံးစီးနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်)
(ဆုံးရှုံးခဲ့သော ကားသုံးစီးနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်)

▪️ကားသုံးစီးနှင့် လက်နက်ခဲယမ်းများ ​ဆုံးရှုံးခဲ့ရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်စစ်ကောင်စီတပ်က ဝိုင်းဝန်းပိတ်ဆို့ပစ်ခတ်ခဲ့၍ နှစ်ဖက်ထိခိုက်မှုရှိပြီး PDF အဖွဲ့ပိုင် ကားသုံးစီးအပါအဝင် လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့ကြောင်း သေမင်းတမန်ပြောက်ကျားအဖွဲ့ (Salingyi)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

ဇန်နဝါရီ၁၂ ရက် နံနက်ပိုင်းက ဆားလင်းကြီးမြို့ပေါ်မှ မြောက်ဘက်ကို မီးရှို့ရန်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရန် မိုင်းကွင်းများ ပြင်ဆင်စောင့်နေခဲ့သည်။

ထိုအချိန် စစ်ကောင်စီဘက်က စစ်ကြောင်း နှစ်ကြောင်းဖြင့် ဘေးဖက်များဆီမှ ပိတ်ဆို့ခဲ့၍ ပြန်လည်ထွက်နေချိန်တွင် မဟာမိတ်ပူးပေါင်းအဖွဲ့များအား စစ်ကောင်စီတပ်များက ပစ်ခတ် တားဆီးခဲ့ရာ ထိပ်တိုက် အပြန်အလှန်ခုခံပစ်ခတ်ခဲ့ရကြောင်း သေမင်းတမန်ပြောက်ကျားအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

(ဆုံးရှုံးခဲ့သော ကားသုံးစီးနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်)
(ဆုံးရှုံးခဲ့သော ကားသုံးစီးနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်)

“မိုင်းဆင်ဖို့ လုပ်နေတုန်း သူတို့ရောက်လာပြီး လိုက်ပစ်တော့ နောက်ဆုတ်ခဲ့ရတယ်။ နောက်ဆုတ် ပြီး လက်လုပ်(၆၀) မမနဲ့ ကျွန်တော်တို့က ပြန်ပစ်တယ်။ အဲမှာ စစ်တပ်က ကျွန်တော်တို့ကို ပတ်ပြီး ရှေ့ကနေပိတ်ထားတယ်။ သူတို့က ကားလမ်းပေါ် ရှေ့ကနေကြိုရောက်နေပြီး ကင်းသမားတွေကို လိုက်ပစ်တယ်ဗျ။ သူတို့ ကျွန်တော်တို့ကို ပိတ်ထားတယ်ဆိုတာ သိသွားတယ်”ဟု သေမင်းတမန်ပြောက်ကျားအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိကာ PDF ရဲဘော်တစ်ဦးခြေထောက်ကျည်ထိမှန် ဒဏ်ရာရှိခဲ့ကြောင်း အထက်ပါ တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“သူတို့ က ပိတ်ပြီး ဝိုင်းဖို့လုပ်တာဗျ။ ကျွန်တော် တို့က ကားနဲ့ မထူးဘူးဆိုပြီး အတင်းမောင်းထွက်ဖို့ လုပ်တယ်။ ကားနဲ့ ပြန်ဆုတ်လာတုန်းမှာ ရှေ့ကနေပိတ်ပြီး ပစ်တာ။ ရှစ်လက်လောက် ဝိုင်းပစ်တယ်။ ရှေ့ဆုံး ကားက လမ်းဘေးကိုဆွဲချလိုက်တယ်။ နောက်ကားတွေလည်း ပစ်တော့ ရပ်ပြီး ဆင်းပြေးရင်း ကျွန်တော်တို့ ပြန်ပစ်တယ်ဗျ။ ကျွန်တော်တို့မှာ မောင်းပြန်တစ်လက်ပဲပါတယ်။ အဲဒါနဲ့ ပြန်ပစ်တာ။ ဆုတ်ရင်း ပြန်ရပ်ပစ်တာပေါ့။ လက်နက်အင်အား မမျှတော့ ခံမပစ်နိုင်ဖူးဗျ။ ကျွန်တော်တို့က အစကတော့ သူတို့စစ်ကြောင်းကို မဟာမိတ်တပ်ဖွဲ့တွေ တပ်ကူလာတာစောင့်ရင်း တားထားတာပဲဗျာ။ သူတို့က ရှေ့ကနေ ကြိုပိတ် ပြီး ပစ်တာခံရတာ”ဟု သေမင်းတမန်ပြောက်ကျားအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ဆုံးရှုံးခဲ့သော ကားသုံးစီးနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်)
(ဆုံးရှုံးခဲ့သော ကားသုံးစီးနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်)

ထို့အပြင် အဖွဲ့သုံးမော်တော်ယာဥ် ကား သုံးစီး၊ ဆ်ိုင်ကယ် တစ်စီး၊ လက်လုပ်ရှော့ဂန်းများ၊ မိုင်း၊ တဖက်ပွင့် ရှော့တိုက်ပြောင်းများ၊ (၆၀) မမ၊ (၁၆၀) မမ၊ (၄၀) မမ ဗုံးသီးပစ်လက်နက်၊ မိုင်းနှင့်ဆက်စပ်ပစ္စည်းများစွာ ကျန်ရစ်ဆုံးရှုံးခဲ့ရကြောင်း သေမင်းတမန်ပြောက်ကျားအဖွဲ့က အသိပေးသည်။

ယင်းစစ်ဆင်ရေးတွင် သေမင်းတမန်ပြောက်ကြားအဖွဲ့ ( Salingyi )၊ ရွှေညီကိုပြောက်ကျားအဖွဲ့( Salingyi )၊ SalingyiRevolutionArmy တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးသည်။

(ဆုံးရှုံးခဲ့သော ကားသုံးစီးနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်)
(ဆုံးရှုံးခဲ့သော ကားသုံးစီးနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်)

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၆ ရက်ကတည်းက ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဝန်းကျင်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့ရာ ထိုနေ့တွင် ကျေးရွာ၅ ရွာက နေအိမ် ၂၀၀ ဝန်းကျင် ပြာကျခဲ့သည်။

ဇန်နဝါရီ ၁၁ ရက်ကလည်း ပိုင်း​တောင်ကြီးကျေးရွာနှင့် ကျောက်မှော်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဇန်နဝါရီ၁၃ ရက်တွင် မိုးကြိုးပြင်ရွာ၊ ဆည်တည်းရွာ၊ဖောင်းကတာကျေးရွာတို့ကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်ကြောင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း၂၀ ကျော်မှ ပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။