Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ပြည်ကြီးတံခွန် ဇီးအုပ်ကွက်သစ်ကနေအိမ်အချို့ ကျုးဆိုပြီး ထပ်မံဖယ်ရှား

အိမ်ဖျက်ရာမှာ စစ်သား ၊ရဲ ၊အုပ်ချုပ်ရေးအဖွဲ့ တွေက အင်အားသုံးပြီးအိမ်အလုံး ၂၀၀ လောက် ဖျက်သွားတာလို့သိရပါတယ်။

မန္တလေး ပြည်ကြီးတံခွန် ဇီးအုပ်ကွက်သစ်ကနေအိမ်အချို့ ကျုးဆိုပြီး ထပ်မံဖယ်ရှား
မန္တလေး ပြည်ကြီးတံခွန် ဇီးအုပ်ကွက်သစ်ကနေအိမ်အချို့ ကျုးဆိုပြီး ထပ်မံဖယ်ရှား

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ကွက်သစ် အပိုင်း ၆ ထဲကနေအိမ်တွေကို ကျူးကျော်ဆိုပြီး ဒီနေ့မနက်ပိုင်းမှာ စတင်ဖျက်နေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

နေအိမ်ကိုဖျက်မယ်လို့ လိုက်လံကြေညာပြီး ခဏအကြာမှာတင် အင်အားအများအပြား နဲ့ ဖျက်သွားတာပါ။

” အရင်ကတည်းကတော့ ဖျက်မယ်ဆိုတာသိတယ်၊ ဘယ်နေ့ဘယ်ရက်ဆိုတာ မသိရဘူးပေါ့၊ အခုက ပြောဖျက် ဖျက်သွားတာ” လို့ ပြည်ကြီးတံခွန်မြို့နယ် ၄၉လမ်းအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement
Public Service Announcement

အိမ်ဖျက်ရာမှာ စစ်သား ၊ရဲ ၊အုပ်ချုပ်ရေးအဖွဲ့ တွေက အင်အားသုံးပြီးအိမ်အလုံး ၂၀၀ လောက် ဖျက်သွားတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ပြည်ကြီးတံခွန်မြို့နယ်ထဲက ကံကြီးကုန်း၊ ဇီးအုပ်ရှိ နေအိမ်တွေကို ကျူးကျော်လို့ သတ်မှတ်ကာ ပြီးခဲ့တဲ့နှစ်ပိုင်းကတည်းက ဖျက်ဆီးဖယ်ရှားနေတာဖြစ်ပါတယ်။

ဖယ်ရှားရှင်းလင်းခံရတဲ့နေရာတွေမှာလည်း ပြန်လည်အကွက်ရိုက် အုတ်တံတိုင်းခတ်ပြီး နေထိုင်သူတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။