Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲနီးလာလေ မြို့ပြစစ်ဆင်ရေး ပိုများလာနိုင်၍ ပြည်သူများ သတိပြုနေထိုင်ကြရန် YPDF အသိပေး

“အခု လူဦးရေစားရင်းအကြောင်းပြ အိမ်တိုင်းဝင် ရှာ၊ လူငယ်တွေ့တာနဲ့ရစ်နေပုံနဲ့ဆို ထိပ်တိုက်တွေ့ကြတော့မယ့်အနေအထားပါ”ဟု YPDFမှ တော်လှန်ရေးရဲဘော်က သုံးသပ်သည်။

(ရန်ကုန်မြို့ အင်းစိန်လမ်းပေါ် လမ်းပိတ်ဆို့စစ်ဆေးနေသည့် စစ်ကောင်စီတပ်အား ယမန်နှစ်က တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့ အင်းစိန်လမ်းပေါ် လမ်းပိတ်ဆို့စစ်ဆေးနေသည့် စစ်ကောင်စီတပ်အား ယမန်နှစ်က တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

အာဏာသိမ်းစစ်ကောင်စီက ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ မြို့ပြစစ်ရေးလှုပ်ရှားမှုများ ပိုများလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် သတိပြု သွားလာနေထိုင်ကြရန် ရန်ကုန်မြို့အခြေစိုက် Yangon People’s Defense Force – YPDF (Urban Guerrilla)က အသိပေးလိုက်သည်။

တရားမဝင် ရွေးကောက်ပွဲနှင့်စပ်လျဥ်းပြီး စစ်ကောင်စီက ရန်ကုန်မြို့ ရပ်ကွက်၊ ကျေးရွာအနှံ့ လူဦးရေသန်းခေါင် စာရင်းများ ကောက်ယူလျှက်ရှိရာ ယခင်ကကဲ့သို့ ပုံမှန်တိုက်ခိုက်မှုမျိုးမဟုတ်တော့ဘဲ UGများနှင့် ထိပ်တိုက်တွေ့လာတော့မည်ဟု ဆိုသည်။

“သမရိုးကျတိုက်တဲ့ အချိန်၊ နေရာအပြင် အခုက ရပ် ကွက်တွေထဲမှာပါ ဖြစ်နိုင်ခြေများလို့ အသိပေးရခြင်းဖြစ်ပါတယ်ဗျ”ဟု YPDFမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

လက်ရှိတွင် စစ်ကောင်စီက စီစဥ်နေသည့် ရွေးကောက်ပွဲအား ဆန့်ကျင်သည့်အနေဖြင့် ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများသာမက နိုင်ငံအဝန်းတွင် လူဦးရေသန်းခေါင် စာရင်းကောက်ယူနေသည့်အပေါ် တော်လှန်ရေးအင်အားစုများက ပစ်မှတ်ထားတိုက်ခိုက်လျှက်ရှိသည်။

Public Service Announcement

Public Service Announcement

“အခု လူဦးရေစားရင်းအကြောင်းပြ အိမ်တိုင်းဝင် ရှာ၊ လူငယ်တွေ့တာနဲ့ရစ်နေပုံနဲ့ဆို ထိပ်တိုက်တွေ့ကြတော့မယ့်အနေအထားပါ”ဟု YPDFမှ တော်လှန်ရေးရဲဘော်က သုံးသပ်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လုံးဝအားလျှော့ စိတ်ပျက်မသွားဘဲ နွေဦးတော်လှန်ရေးကြီးတွင် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီကြရန်နှင့် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအား ရရာနည်းဖြင့် ဆန့်ကျင်တော်လှန်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့