Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် မဲစာရင်းလာကောက်သည့် စစ်ကောင်စီထွေအုပ် ဝန်ထမ်း ၄ဦးကိုဖမ်းဆီးထားဟုNUG ပြည်ထဲရေးအသိ​ပေး

အဆိုပါ ထွေအုပ်ဝန်ထမ်း (၄) ဦးအား စစ်ကိုင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် အညီ အပြစ်ပေးအရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အသိ​ပေးသည်။

(NUGပြည်ထဲ​ရေးက ဖမ်းဆီးထား​သော စစ်​ကောင်စီ ဝန်ထမ်း​လေးဦး။ ။ဓါတ်ပုံ-MOHAI)
(NUGပြည်ထဲ​ရေးက ဖမ်းဆီးထား​သော စစ်​ကောင်စီ ဝန်ထမ်း​လေးဦး။ ။ဓါတ်ပုံ-MOHAI)

▪︎စစ်​ကောင်စီ၏ တရားမဝင်​ရွေး​ကောက်ပွဲဖြစ်​မြောက်​အောင်လိုက်ပါ​ဆောင်ရွက်​နေသူများကိုဆက်လက်အ​ရေးယူမည်

စစ်ကိုင်းတိုင်းမြောင်မြို့နယ်တွင်မဲစာရင်းလာရောက်ကောက်ယူသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း (၄) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက ယနေ့ည ထုတ်ပြန်သည်။

ဇန်နဝါရီလ(၁၄)ရက်နေ့ကအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ အမျိုးသမီးဝန်ထမ်း(၃)ဦး၊ အမျိုးသားဝန်ထမ်း(၁)ဦး၊ စုစုပေါင်း (၄)ဦးသည် စစ်ကောင်စီကျင်းပပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအတွက် မဲစာရင်းကိစ္စဖြင့်လာရောက်ရာ စစ်ကိုင်းခရိုင် တပ်ရင်း(၅ ) MRA (Myaung Revolutoin Army) က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ ထွေအုပ်ဝန်ထမ်း (၄) ဦးအား စစ်ကိုင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် အညီ အပြစ်ပေးအရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အသိ​ပေးသည်။

“NUGက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တယ်။ အဲဒီတော့ NUGက ရှင်းရှင်းလေးပဲဒီ အကြမ်းဖက်စစ်ကောင်စီလုပ်နေတဲ့တရားမဝင်အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး NUGက အစိုးရ တစ်ရပ်အနေနဲ့ပဲစဉ်းစားပြီး လုပ်ကိုင်မှာ ဖြစ်တယ်။ အဲဒီ အတွက်ကြောင့် အကြမ်းဖက် စစ်ကောင်စီ လုပ်တဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲမှာ ပြည်သူလူထုကိုတော့ ကျနော်တို့ကမေတ္တာရပ်ခံတဲ့ သဘောပဲရှိတယ်။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့သူတွေ အဲဒါတွေ အကုန်လုံးကို ကျနော်တို့က အခုလိုမျိုးပဲ ဖမ်းဆီးမယ်။ ဥပဒေအရ တရားစွဲမယ်။ ပြီးရင်တော့ အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။

Public Service Announcement

Public Service Announcement

ကားမောင်းသည့်ထွေအုပ်ဝန်ထမ်းအမျိုးသားတစ်ဦးနှင့်အမျိုးသမီးနှစ်ဦးကို နံနက် ၁၀ နာရီခန့်က ဖမ်းမိခဲ့ပြီး၎င်းတို့၏ ထွက်ဆိုချက်အရ နောက်ထပ်တစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မြောင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်းပြောသည်။

စစ်ကောင်စီအနေဖြင့် ဇန်နဝါရီ ၇ရက်ကစ၍ ဒေသအသီးသီးတွင် လူဦးရေစာရင်းကောက်ယူလျက်ရှိသည်။ စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းရန်နှင့် ၎င်းတို့ အာဏာဆက်လက် ရယူနိုင်ရေးအတွက် ရည်ရွယ်ပြီး ဆောင်ရွက်မည့် အတုအယောင်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူမှုကို ပြည်သူများ ပူးပေါင်းပါဝင်ခြင်းပြုရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။ စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အားပေးအားမြောက်ပါဝင်နေသူများကို အရေးယူမည်ဖြစ်ကြောင်းလည်း သက်ဆိုင်ရာဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက အသိပေးထားသည်။

“MOHAIရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း နှစ်ချက်ပါတယ်။ ပြည်သူလူထုကတော့ အကြမ်းဖက်စစ်ကောင်စီက အတင်းဖိအားပေးပြီး လုပ်ကိုင်ဆောင်ရွက်တဲ့ကိစ္စတွေအပေါ်မှာ မပူးပေါင်းဖို့ ဆိုတာမျိုးကျနော်တို့က မေတ္တာရပ်ခံထားတာရှိပါတယ်။ ပြည်သူကတော့ အတင်းအကြပ် လုပ်ခိုင်းတဲ့အခါမှာ ဘယ်လိုမှ မလွှဲမရှောင်သာဘဲနဲ့ စာရင်းပေးရတာတွေရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီအကြမ်းဖက် စစ်ကောင်စီရဲ့ အလိုတူ အလိုပါ ပေါ့ ဒီလိုမျိုး မဲစာရင်းကောက်တဲ့ ကိစ္စ၊နောက်ပြီး တရားမဝင် တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်အောင် လိုက်ပါ ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးမှူးတွေ သူတို့နဲ့အတူတကွ ပူးပေါင်း နေတဲ့သူတွေ အဲဒီလူတွေ အကုန်လုံးက ဥပဒေ ချိုးဖောက်တဲ့ သူတွေဖြစ်တဲ့အတွက် အဲဒီလူတွေကိုတော့ မဖြစ်မနေ ဖမ်းဆီးပြီးတော့ အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟုဦးနေဘုန်းလတ်ကဆက်​ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။