Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ရက်စက်မှုများကြောင့် သေမထူး၊နေမထူးဖြစ်ခဲ့ရသည့် ပြည်သူများ အညာဗမာပြည်မ၌ အလွန်များပြားလာနေဟု ယာယီသမ္မတပြော

နိုင်ငံအတွင်း ပြည်သူလူထုများ၏ နေ့စဉ် လူမှုစီးပွားဘ၀ ကွာဟချက်များ ကြီးမားလာသည်ကို တွေ့ရပြီး လက်နက်ကိုင် အကျပ်အတည်းများကြား၌ ပျက်စီး ယိုယွင်းသွားသည့် ပြည်သူ့ဘ၀ များစွာ ရှိသည်ဟု ၎င်းက ဆိုသည်။

▪️စစ်ကောင်စီချေမှုန်းရေး ဦးစားပေးဖြစ်သကဲ့သို့ လူထုအသက်အိုးအိမ်ကာကွယ်ရေးသည်လည်းဦးစားပေးဖြစ်ကြောင်းသတိပြုရန်မှာ ကြား

စစ်ကောင်စီချေမှုန်းရေး ပထမဦးစားပေးဖြစ်သကဲ့သို့ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကာကွယ်စောင့် ရှောက်ရေးသည်လည်း ပထမဦးစားပေးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတကအထက်ပါအတိုင်း ပြောဆိုခဲ့သည်။

ယခု နွေဦးတော်လှန်ရေး (၂)နှစ်တာကာလအထိ နေ့စဉ်မပြတ် ခုခံတော်လှန်နေသည့် ပြည်သူလူထု ၏ စိတ်ဇောနှင့် စိတ်ဓာတ်ပြင်းပြမှုများကို တွေးမိတိုင်း ဦးညွှတ်မိကြောင်း ယာယီသမ္မတက ပြောသည်။

“ဒါဟာ တကယ်လက်တွေ့ ကာယကံမြောက် လုပ်နိုင်ဖို့ မလွယ်ပါဘူး။ အခုဆိုရင် မြန်မာစစ်တပ်ရဲ့ ရက်စက်မှု တွေကြောင့် သေမထူး နေမထူး ဖြစ်သွားကြတဲ့ ပြည်သူလူထုတွေလည်း အညာဗမာပြည်မမှာ အလွန်အမင်း များပြားလာနေတာတွေ့ရပါတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အထူးတလည် ပြောကြားချင်တာကတော့ NUG အစိုးရအနေနဲ့ စစ်ကောင်စီကို ချေမှုန်းပစ်ရေးဟာ ပထမဦးစားပေးဖြစ်သလို၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်စောင့်ရှောက်ရေးဟာလည်း ပထမဦးစားပေးဖြစ်တယ်ဆိုတာကို သတိပြုကြဖို့ပဲ ဖြစ်ပါ တယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

Public Service Announcement

Public Service Announcement

စစ်တပ်၏ရက်စက်မှုများကြောင့် သေမထူး၊နေမထူးဖြစ်ခဲ့ရသည့် ပြည်သူများ အညာဗမာပြည်မ၌ အလွန်များပြားလာနေဟု ယာယီသမ္မတပြော
စစ်တပ်၏ရက်စက်မှုများကြောင့် သေမထူး၊နေမထူးဖြစ်ခဲ့ရသည့် ပြည်သူများ အညာဗမာပြည်မ၌ အလွန်များပြားလာနေဟု ယာယီသမ္မတပြော

ထိုသို့ ပြောဆိုခြင်းသည် NUGအစိုးရအနေဖြင့် မီးစတစ်ဖက်ရေမှုတ်တစ်ဖက်သဘောမျိုး မဟုတ်ဟုလည်း ရှင်းပြသည်။

“NUGအစိုးရရဲ့ ဖြစ်တည်မှုကိုယ်၌က ပြည်သူလူထုရဲ့ အကျိုးစီးပွားအပေါ်မှာ အခြေခံပြီး နွေဦးတော်လှန်ရေးကို ဦးဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ညာဘက်လက်နဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမူကို ကိုင်ဆွဲပြီး ဘယ်ဘက်လက်နဲ့ လူထုအသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးမူကို ကိုင်ဆွဲသင့်တယ်လို့ ယူဆပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

နိုင်ငံအတွင်း ပြည်သူလူထုများ၏ နေ့စဉ် လူမှုစီးပွားဘ၀ ကွာဟချက်များ ကြီးမားလာသည်ကို တွေ့ရပြီး လက်နက်ကိုင် အကျပ်အတည်းများကြား၌ ပျက်စီး ယိုယွင်းသွားသည့် ပြည်သူ့ဘ၀ များစွာ ရှိသည်ဟု ၎င်းက ဆိုသည်။

“ဒါ့အပြင် ဒီလို စစ်ရေး ၊နိုင်ငံရေးအကျပ်အတည်းကို အကြောင်းပြုပြီး နဂိုမူလ အခြေအနေထက် ပိုမိုချမ်းသာသွားကြတဲ့ အကြမ်းဖက်စစ်အုပ်စု အပေါင်းအပါတချို့လည်း ရှိနေပါတယ်။ ခေတ်ဆိုးစနစ်ဆိုးမှာ တောမီးလောင်ရင်တောကြောင်တွေ လက်ခမောင်းခတ်လေ့ရှိတာ ထုံးစံပဲလို့ ယူဆပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

၂၀၂၁ စစ်အာဏာသိမ်းမှုသည် ကိုဗစ်ရောဂါ ကပ်ဘေးအတွင်း မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

စစ်အာဏာသိမ်းရာဇဝတ်မှု၏ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ပြည်သူလူထု၏ အထွေထွေ စားဝတ်နေရေးနှင့် ကျန်းမာရေး အဆင့်အတန်းသည် ထိုးဆိုက် ကျဆင်းလာခဲ့ကြောင်း၊ တိုင်းပြည်၏ အနာဂတ်ကို ဦးဆောင်မည့် မျိုးဆက်သစ် ရင်သွေးများအတွက် ပညာရေးလျှောက်လမ်း များ ပျက်စီးယိုယွင်းခဲ့ကြောင်း ၎င်းက ဆိုသည်။

စစ်တပ်၏ရက်စက်မှုများကြောင့် သေမထူး၊နေမထူးဖြစ်ခဲ့ရသည့် ပြည်သူများ အညာဗမာပြည်မ၌ အလွန်များပြားလာနေဟု ယာယီသမ္မတပြော
စစ်တပ်၏ရက်စက်မှုများကြောင့် သေမထူး၊နေမထူးဖြစ်ခဲ့ရသည့် ပြည်သူများ အညာဗမာပြည်မ၌ အလွန်များပြားလာနေဟု ယာယီသမ္မတပြော

“ကျွန်တော်တို့ NUGအစိုးရအနေနဲ့ တစ်ဖက်မှာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းဖို့ ခုခံတော်လှန်စစ် ဆင်နွှဲပြီး တိုက်ပွဲဝင်နေသလို တစ်ဖက်မှာလည်း ပျက်စီးယိုယွင်းနေတဲ့ လူမှုဘဝအခြေအနေကို လူထုအတွက် ပြန်လည်တည့်မတ်ဖို့ ကြိုးစားနေရပါ တယ်။ လက်ရှိ နိုင်ငံအတွင်းက အခြေအနေတွေကို ခြုံငုံပြီး ကြည့်လို့ရှိရင် စစ်ဘေးဒုက္ခနဲ့ ကြုံနေတဲ့ ပြည်သူ လူထုတွေ အမြောက်အမြား ရှိနေသလို နေ့စဉ်လိုလို သောက်စားပျော်ပါးနေတဲ့ လူအုပ်စုတွေလည်း အမြောက်အမြား ရှိနေပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

ထိုသို့ ပြောဆိုခြင်းမှာ ဒုက္ခရောက်သည့် ပြည်သူလူထုကို ကရုဏာသက်ပြီး အခြားတစ်ဖက်ကိုအပြစ်တင်နေခြင်းမဟုတ်ဘဲ ပဋိပက္ခဒဏ် ကြာညောင်းလာသည်နှင့်အမျှ လူတန်းစား ကွာဟလာသည့် အခြင်းအရာတစ်ခုကို ထောက်ပြခြင်းသာဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

“တစ်ဖက်မှာ တော်လှန်ခုခံနေတဲ့ သူတွေလည်း ရှိနေသလို တခြားတစ်ဖက်မှာလည်း ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေကြရတာ တွေလည်း ရှိပါတယ်။ ဒါဟာ လက်ရှိ ပြည်သူလူထုအတွင်းက ဖြစ်ရပ်တချို့ကို ကျွန်တော်တို့ NUG အစိုးရအဖွဲ့ဝင်တွေ သတိထားမိစေချင်တာ ဖြစ်ပါတယ်”ဟု လည်း ယာယီသမ္မတက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။