Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ (၈)လအရွယ် ကလေးငယ်တစ်ဦး သေဆုံး

“ကလေးခေါင်းကို မိုင်းစထိတာ။ လူမှုရေးအဖွဲ့တွေက ဆေးရုံပို့ခဲ့ပေမယ့် မရခဲ့ဘူး။ ကလေးက ဆုံးသွားပါတယ်”ဟု ထန်းတပင်မြို့ခံတစ်ဦးက ပြောသည်။

(သေဆုံးခဲ့သည့် ကလေးငယ်၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(သေဆုံးခဲ့သည့် ကလေးငယ်၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်စထိမှန်၍ (၈)လအရွယ် ကလေးငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။

တောင်ငူခရိုင် ထန်းတပင်မြို့နယ်ရှိ ရွာသာယာကျေးရွာတွင် ယနေ့(ဇန်နဝါရီ ၁၇ရက်) နံနက် ၁၁နာရီခန့်က စစ်ကောင်စီတပ်ပစ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“ကလေးခေါင်းကို မိုင်းစထိတာ။ လူမှုရေးအဖွဲ့တွေက ဆေးရုံပို့ခဲ့ပေမယ့် မရခဲ့ဘူး။ ကလေးက ဆုံးသွားပါတယ်”ဟု ထန်းတပင်မြို့ခံတစ်ဦးက ပြောသည်။

သေဆုံးသည့် ကလေးငယ်သည် (၈)လအရွယ်ယောင်္ကျားလေးဖြစ်သည်။ စစ်ကောင်စီတပ်သည် ဒေသတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်းဟု မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။